အခန်းထဲကိုနေရောင်ကျလာသောကြောင့်lisaနိုးလာသည်။နိုးနိုးချင်းချစ်ရတဲ့သူမျက်နှာကိုမြင်ရတာလောက် ပြည့်စုံမှုမရှိတော့။liယောင်းမျက်နှာလေးကိုငေးကြည့်နေမိသည်။liစိတ်မထိန်းနိုင်တော့ ဆေးမကူဘဲရဲနေတဲ့ယောင်းနှုတ်ခမ်းလေးကို ထိရုံလေးနမ်းလိုက်သည်။
'အွန်းး liကလဲ ယောင်းအိပ်နေတာကြီးကို'
'ဟောဗျာ liဘာလုပ်နေလို့လဲယောင်းလေးရဲ့'
'ယောင်း ခလေးလေးထတော့လေ'
'. . . . . . .'
'ဟင် liနှလုံးခုန်သံတွေတအားမြန်နေတယ် အဆင်ပြေရဲ့လား'
'အင်း li နဲနဲမောနေလို့'
'ဟင် liအဆင်ပြေရဲ့လား ယောင်းဘာလုပ်ပေးရမလဲ ဟင်liသက်သာရဲ့လား ခဏနော် ယောင်းဆေးသွားယူလိုက်အုံးမယ်'
liပျာယာခတ်စွာထဖို့ပြင်နေတဲ့ယောင်းကိုဆွဲပြီး ယောင်းနှုတ်ခမ်းအားနမ်းနေလိုက်သည်'ရပြီယောင်း liအဆင်ပြေတယ် ယောင်းနှုတ်ခမ်းကအစွမ်းထက်လိုက်တာ '
'. . . '
'ယောင်း'
'. . . '
'ဟင့် ဟင့် '
'ဟာ ယေင်း ငိုနေတယ် ဘာလို့ငိုနေတာလဲယောင်းရယ် '
'ယောင်းကို ထားမသွားပါနဲ့အုံးနော် ဟင့် ဟင့်' liယောင်းကိုရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်သည်။ကိုယ့်ခလေးလေး ငိုနေတာများ ရှိုက်သံတွေထွက်သည်အထိငိုနေတာပါ
'မငိုနဲ့တော့လေ ခလေးလေးရဲ့ liကိုစိတ်မချအောင်လုပ်နေတာလားဟင် ယောင်းကငိုနေတော့ liဘယ်စိတ်ကောင်းမလဲယောင်းရယ်'
ချယ်ယောင်းငိုနေမိသည်။lisa, သူမချစ်ရတဲ့သူ မှာ သွေးကင်ဆာ နောက်ဆုံးအဆင့် အချိန်ခြောက်လဘဲကျန်တော့တယ်တဲ့လေ ကျွန်မလေ ဟိုးအမြင့်ကြီးကနေ ရုတ်တရက်ဆွဲချခံလိုက်ရသလိုခံစားလိုက်ရတယ်။ အဲ့နေကလေ liငိုနေခဲ့တာ ယောင်းအနားမှာအချိန်အကြာကြီးရှိမပေးနိုင်တော့လို့ တောင်းပန်ပါတယ် တောင်းပန်ပါတယ်ဆိုပြီး ငိုနေခဲ့တဲ့ ကျွန်မရဲ့li
ရသမျှအချိန်လေးမှာ liကိုပြုစုပေးပြီး liအတူနေတယ်။liကတော့ ယောင်းအတွက်သူကဝန်ထုပ်ဝန်ဖိုးဖြစ်နေမှာ အရမ်းကြောက်ပြီ ယောင်းကိုအားနာနေတာ။အားနာရအောင် သူနဲ့ကျွန်မနဲ့က ခုချစ်ခုကြိုက်ချစ်သူတွေမှမဟုတ်တာ။ဟိုးငယ်ငယ်ကတည်းက သူငယ်ချင်းသံယောဇဉ်ကနေ ပြောင်းလဲလာတဲ့ချစ်ခြင်း နှစ်ယောက်တစ်ဘဝခံယူထားတဲ့ချစ်ခြင်းမျိုးပါ။liဝေဒနာခံစားနေရတဲ့အချိန်ဆိုရင် ကျွန်မလေ liအစား လက်လွှဲခံစားလိုက်ချင်ပါရဲ့။တနေ့တခြားပိန်ပိန်သွားတဲ့liကိုကြည့်ပြီး ဘာလို့liကိုဘာဖြစ်ရတာလဲဆိုးပြီ ဘုရားသခင်အပြစ်ဆိုနေမိတယ်။ရှင်တို့သိလား ကိုယ်ချစ်ရတဲ့သူ ဝေဒနာခံစားနေရတာကို ဘာမှလုပ်ပေးနိုင်စွမ်းမရှိတဲ့ ကျွန်မခံစားချက်ကို'ယောင်း ယောင်း'
'. . . . '
'ယောင်းလို့'
'ဟင် liဘာဖြစ်လို့လဲ'
'liခေါ်နေတာကြာပြီလေ ယောင်းရဲ့ ဘာတွေများစဉ်းစားနေတာလဲ'
'သြော် liလဲလေကောင်းလေသန့်ရအောင် ယောင်းတို့ဒီနေ့ပန်းခြံသွားကြမလားလို့ ယောင်းထမင်းဗူးလဲလုပ်ခဲ့မယ်လေ'
'ဟုတ်ပြီ ယောင်းသဘော'
'ဒါကြောင့် liကိုချစ်တာ'
'liလဲယောင်းကိုချစ်တယ်'
'ကဲ ယောင်းစားဖို့သွားပြင်တော့မယ် liလဲရေချိုးတော့ မကြာစေနဲ့နော် ယောင်းအင်္ကျီထုတ်ထားပေးမယ်'
'ဟုတ်ပါပြီ အဖွားကြီးပေါက်စရယ်'
'li. . .'
'ဟား ဟားး စတာပါ ချစ်တယ်နော် mwah'
'သွား သွားရေချိုးတော့'
'ဟီး ဟီးချိုးပါပြီ ယောင်းရဲ့' liရေချိုးခန်းထဲဝင်သွားမှ ယောင်း kitchenထဲသွားပြီ liအကြိုက်စားစရာလုပ်ဖို့လုပ်ငန်းစတော့သည်
YOU ARE READING
With you
Short Story'liမရှိရင် ကျန်းမာရေးဂရုစိုက်နော် ရေချိုးရင်လဲမကြာစေနဲ့ ခေါင်းလျော်တဲ့နေ့တွေဆို ရေကိုသေချာသုတ် ရေစိုကြီးနဲ့ဆိုင် ယောင်းကခေါင်းကိုက်တတ်တယ် အစားကိုလဲပုံမှန်စား သရေစာတွေပေါင်းစုံလျှောက်မစားနဲ့အုံးနော် ဗိုက်တွေအောင့်နေလိမ့်မယ် ညကိုလဲစောစောအိပ် အလုပ်တွေလ...