ဖုန်းသုံးနေတုံး ကြားလိုက်တဲ့အခန်းအပြင်က အမေ့အော်လိုက်တယ့်စကားသံ...
"ဟဲ့ရှိန်း နင်Gymမသွားသေးဘူးလား အချိန်ကိုလည်း
ကြည့်အုံး နင်ညကြီးမင်းကြီးမှ Gymသွားဖို့စိတ်မကူးနဲ့
နော်တဲ့" (အငယ်ဆုံးသားဆိုတော့ အမေကရှိန်းကိုသိပ်ချစ်တာ)အဲ့ကြမှ ကုန်းရုံးထပြီး ကုတင်ဘေးကနာရီကိုကြည့်မိတော့
ညနေ ၄နာရီ... အိပ်ယာပေါ်က ထရမှာပျင်းပေမဲ့ ကိုယ့်အတွက်ကိုယ်လေ ဆိုပြီး စိတ်ကိုအားတင်းပြီး ထလိုက်တယ်။(Gym ဆော့ရတာအသေပျင်းပေမဲ့ အရမ်းပင်ပန်းနေရင်တောင် တစ်နေ့တစ်ခေါက်တော့ အမြဲရောက်အောင်သွားတာရှိန်းအကျင့်..State School တုံးကလို ၀တုတ်ကောင်လေး ပြန်မဖြစ်ချင်တာ..ခပ်မိုက်မိုက်ကောင်လေးဘဲ အမြဲဖြစ်ချင်တာ..ကျောင်းတုန်းက အိမ်မက်ဆိုးလို ကျောင်းကလူတွေရဲ့
စနောက်တာပါဆိုပြီး Body Shaming စတာခံရတယ့် အချိန်တွေကိုပြန်သွားရမှာကြောက်တာ ရှိန်းခံစားနေရတယ့် BDD [body dysmorphia disorder]လို့ခေါ်တဲ့ကိုယ့်ဘာကို ဘယ်တော့မှ စိတ်တိုင်းမကျတဲ့ ဆိုက်ကိုတစ်ခု။ တစ်နည်းအားဖြင့် ရှိန်းGym သွားတယ့် အကြောင်းရင်း....)ရှိန်းပုံမှန်သွားနေကြတာကတော့ ၃နာရီစွန်းစွန်းလောက်ပေါ့။ Gym သွားဖို့ အ၀တ်စားလဲ ဘာညာနဲ့ဆို ဒီနေ့တော့ နည်းနည်းပျင်းနေတာနဲ့ ၄နာရီခွဲလောက်မှ Gym ရောက်ဖြစ်တဲ့နေ့။
ကိုယ့်အာရုံနဲ့ကိုယ် ဆော့နေကြတုန်း နားထဲ၀င်လာတယ့် တံခါး ဖွင့်တဲ့အသံကြောင့် Gym ကလူတွေအားလုံးရဲ့အကြည့်က တံခါးပေါက်ဆီမှာပေါ့....( ဘာရဲတော့လည်းမဟုတ်ပါဘူး..လူတိုင်းကစပ်စုတက်ကြတာဘဲလေ ကျောင်းသားဘ၀က
စာသင်နေရင်တောင် ပြတင်းပေါက်က ဖြတ်သွားတဲ့အရာကို စိတ်၀င်စားပြီး လိုက်ကြည့်မိတာ လူတွေရဲ့အကျင့်ဘဲကို)
အဲဒီမှာ...ရှိန်းကိုယ်မျက်လုံးတွေကိုယ်တောင်မယုံနိုင်ဘူး...
Gym ထဲကို ၀င်လာတဲ့ ခပ်လှမ်းလှမ်းက တစ်ယောက်က ဆံပင်အမည်းကို ဂျယ်နဲ့ သပ်တင်ထားတဲ့ စမတ်ကျကျနဲ့ ကောင်လေးတစ်ယောက် အရပ်ရှည်ရှည် Gymလာတယ့် ရိုးရိုးရှပ်နဲ့တောင်သူ့Body structure က အသားကဖြူဖွေးနေတော့ ပိုပြီးဆွဲဆောင်မှုရှိတယ့် ခပ်မိုက်မိုက်ပုံစံဖြစ်နေတာမျိုး။ ရုပ်ကလည်း ခပ်သန့်သန့်...သန့်..ဆိုမှ နေပါအုံး? ဒီတစ်ယောက်ကို ငါမြင်ဖူးနေတယ်... ဒါ....ဒါ....
YOU ARE READING
Diary Of Predestination (BL)
Fanfictionကျွန်တော်က လက်တွေ့ကျတာကိုဘဲ ယုံကြည်တဲ့ လူမျိုး။အပိုတွေပြောတာလည်း မကြိုက်ဘူး။ လူတွေပြောပြောနေတယ့် ကံကြမ္မာဆိုတာလည်း မယုံဘူး။ တကယ်တော့ လူတွေကလေ တစ်ခုခုဖြစ်ရင် ကံစီမံရာဘဲ ဆိုပြီးကံကိုအပြစ်ပုံချကြတက်တယ်။ ကျွန်တော် ယုံကြည်ထားတာတော့ ကံတို့...