Part 2 (Predestination)

1 0 0
                                    

ဖုန်းသုံး​နေတုံး ကြားလိုက်တဲ့အခန်းအပြင်က အ​မေ့​အော်လိုက်တယ့်စကားသံ...

"ဟဲ့ရှိန်း နင်Gymမသွား​သေးဘူးလား အချိန်ကိုလည်း
ကြည့်အုံး နင်ညကြီးမင်းကြီးမှ Gymသွားဖို့စိတ်မကူးနဲ့​
နော်တဲ့" (အငယ်ဆုံးသားဆို​တော့ အ​မေကရှိန်းကိုသိပ်ချစ်တာ)

အဲ့ကြမှ ကုန်းရုံးထပြီး ​ကုတင်​ဘေးကနာရီကိုကြည့်မိ​တော့
​ည​နေ ၄နာရီ... အိပ်ယာ​ပေါ်က ထရမှာပျင်း​ပေမဲ့ ကိုယ့်အတွက်ကိုယ်လေ ဆိုပြီး စိတ်ကိုအားတင်းပြီး ထ​လိုက်တယ်။

(Gym ​ဆော့ရတာအ​သေပျင်း​​ပေမဲ့ အရမ်းပင်ပန်း​နေရင်​တောင် တစ်​နေ့တစ်​ခေါက်​တော့ ​​အမြဲ​ရောက်​အောင်သွားတာရှိန်းအကျင့်..​​State School တုံးက​လို ၀တုတ်​ကောင်​လေး ပြန်မဖြစ်ချင်တာ..ခပ်မိုက်မိုက်​ကောင်​လေးဘဲ အမြဲဖြစ်ချင်တာ..​ကျောင်းတုန်းက အိမ်မက်ဆိုးလို ​ကျောင်းကလူ​တွေရဲ့
စနောက်တာပါဆိုပြီး Body Shaming စတာခံရတယ့် အချိန်​တွေကိုပြန်သွားရမှာ​ကြောက်တာ ရှိန်းခံစား​နေရတယ့် BDD [body dysmorphia disorder]လို့​ခေါ်တဲ့ကိုယ့်ဘာကို ဘယ်​တော့မှ စိတ်တိုင်းမကျတဲ့ ဆိုက်ကိုတစ်ခု။ တစ်နည်းအားဖြင့် ရှိန်းGym သွား​တယ့် အ​ကြောင်းရင်း....)

ရှိန်းပုံမှန်သွား​နေကြတာက​တော့ ၃နာရီစွန်းစွန်း​​လောက်​ပေါ့။ Gym သွားဖို့ အ၀တ်စားလဲ ဘာညာနဲ့ဆို ဒီ​နေ့​​​တော့ နည်းနည်းပျင်း​နေတာနဲ့ ၄နာရီခွဲ​လောက်မှ Gym ​ရောက်ဖြစ်တဲ့​​နေ့​။

ကိုယ့်အာရုံနဲ့ကိုယ် ​ဆော့​နေကြတုန်း နားထဲ၀င်လာတယ့် တံခါး ဖွင့်တဲ့အသံ​ကြောင့် Gym ​ကလူ​တွေအားလုံးရဲ့အကြည့်က တံခါး​ပေါက်ဆီမှာ​ပေါ့....( ဘာရဲ​တော့လည်းမဟုတ်ပါဘူး..လူတိုင်းကစပ်စုတက်ကြတာဘဲ​လေ ​ကျောင်းသားဘ၀က
စာသင်​နေရင်​တောင် ပြတင်း​ပေါက်က ဖြတ်သွားတဲ့အရာကို စိတ်၀င်စားပြီး လိုက်ကြည့်မိတာ လူ​တွေရဲ့အကျင့်ဘဲကို)
အဲဒီမှာ...

ရှိန်းကိုယ်မျက်လုံး​တွေကိုယ်​တောင်မယုံနိုင်ဘူး...

Gym ထဲကို ၀င်လာတဲ့ ခပ်လှမ်းလှမ်းက တစ်​ယောက်က ဆံပင်အမည်းကို ဂျယ်နဲ့ သပ်တင်ထားတဲ့ စမတ်ကျ​ကျနဲ့ ​ကောင်​​လေးတစ်​ယောက် အရပ်ရှည်ရှည် Gymလာတယ့် ရိုးရိုးရှပ်နဲ့​တောင်သူ့Body structure က အသားကဖြူ​ဖွေး​နေ​တော့ ပိုပြီးဆွဲ​ဆောင်မှုရှိတယ့် ခပ်မိုက်မိုက်ပုံစံဖြစ်နေတာမျိုး။ ရုပ်ကလည်း ခပ်သန့်သန့်...သန့်..ဆိုမှ ​နေပါအုံး? ဒီတစ်​ယောက်ကို ငါမြင်ဖူး​နေတယ်... ဒါ....ဒါ....

You've reached the end of published parts.

⏰ Last updated: Dec 02, 2020 ⏰

Add this story to your Library to get notified about new parts!

Diary Of Predestination (BL)Where stories live. Discover now