အော်လန်သူ့ရဲ့ အရှေ့မှာရောက်နေတဲ့ အဲလစ်ကို ကြည့်ပြီးကြောင်အနေရတယ်..မျက်နှာမှာလဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ အိကျီကရောစုတ်ပြတ်ပေတူးနေတာပဲ အော်လန်တို့သုံးယောက်ကြောင်နေတုန်း ခုနကသူတို့ကိုလိုက်ပို့တဲ့ အစောင့်ကာ ရှေ့ထွက်လာကာ....
" သူက ခင်ဗျာတို့နဲ့သိတယ်ဆိုလို့လာပို့တာ ဒီအိမ်ကအကျယ်ကြီးဆိုတော့ သူ့ကိုလည်း ပေးနေလို့ရတယ်....."
ဆိုပြီးပြောစရာရှိတာပြောပြီ နှုတ်ဆက်ကာထွက်သွားလေတယ်...ကျန်ခဲ့တဲ့သုံးယောက်ကတော့ အခုဖြစ်နေတဲ့ ကိစ္စကိုနားမလည်နိုင်အောင်ဖြစ်နေတယ်..ရမ်ကကြောင်နေရာမှ သတိပြန်ဝင်လာပြီး..
" ခေါင်းဆောင်ဒီကိုဘယ်လိုလုပ့်ပြီး ရောက်နေတာလည်း...ဒီဒဏ်ရာတွေက....."" ငါစခန်းကနေထွက်လာခဲ့တာ..."
" ဘာ....."
သုံးယောက်လုံးထအော်လိုက်တယ်...ခဏနေတော့ ဟွားလေးက...." ဘယ်လိုဖြစ်လို့လဲ..."
ဟွားလေးအဲလိုမေးတော့ ဘာပဲဖြစ်ဖြစ်အကိုကိုလိုချင်ရင် ညီမကိုပေါင်းရမှာပဲ မဟုတ်ဘူးလား...အဲလစ်ကအဲ့လိုတွေးပြီ ဟွားလေကိုပြုံးပြကာ" ဒီနေ့စခန်းကသူတွေရဲ့ စိတ်ဓာတ်ကို စမ်းလိုက်တာ ငါစွမ်းအားပျောက်သွားတယ်ဆိုပြီးတော့.. ^&&#.??-=-:...."
သူအဲ့လိုလဲ ပြောရောအကုန်လုံးကို ရှင်းပြလိုက်ရော ကျန်တဲ့သုံးယောက်လုံးက ခေါင်းတစ်ညိမ့်ညိမ့်နဲ့ နားထောင် လေတယ်...
အဲလစ်ကတော့ ခေါင်းညိမ်ပြီး နားထောင်နေတဲ့ အော်လန်ကို ကြည့်ပြီ အသဲတွေယားနေလေ...အူကြောင်ကြောင်လေးနဲ့....အော်လန်ကတော့ အဲလစ်ပြောတာတွေကိုနားထောင်ပြီး ဇာတ်ကြောင်းကွဲသွားတာတွေကို စဥ်းစားနေလေတယ်...အဲလစ်ကသူ့ကို စိုက်ကြည့်နေတာ မမြင်ပေမဲ့ ဘေးနားက နှစ်ယောက်ကတော့ မြင်လေတယ်...ဒါပင်မဲ့ စိတ်ထဲမထားပဲနေလိုက်တယ်..
အော်လန်စဥ်းစားစရာရှိတာ စဥ်းစားပြီ အဲလစ်ကို ပြောဖို့ကြည့်လိုက်တော့ အဲလစ်သူ့ကို စိုက်ကြည့်နေတာနဲ့ တိုးသွားလေတယ်..ဒီလိုနဲ့ နှစ်ယောက်သား ဘယ်သူဘက်မှစပြီးမျက်လုံးမလွှဲပဲ ကြည့်နေကြတယ်...၂မိနစ်လောက်ထိတော့ စိုက်ကြည့်မိတယ်..အော်လန်သူ အဲလစ်ကိုကြည့်နေတုန်း...
YOU ARE READING
Arc-4(အော်လန်စတား)
Romanceနာမည်အရင်းက ကျော်ဇေထက် လူမှားခံရပြီး..ဓားထိုးခံရလို့ system ဝင်လာရသူပါ...system ကြောင့်ဂေးရသူလည်း..ဖြစ်တယ်...