ep(1)💚

28.5K 974 25
                                    

ပြာလွင်လွင်ကောင်းကင်ကြီးအောက်က
လမ်းမပေါ် စကိတ်ဘုတ်တစ်ခုနဲ့ လမ်းရှောက်နေတဲ့ကောင်လေးတစ်ယောက်...

ထိုကောင်လေးမျက်နှာပေါ်မှာ စိတ်ဆိုးစိတ်ကောက်နေသည့်ပုံစံတွေက အထင်းသား..
အလိုမကျခြင်းဆိုရင်ပိုမှန်ပါလိမ့်မယ်။

ဖြူဖြူလုံးလုံးလေးနဲ့ နှုတ်ခမ်းသားရဲရဲလေးတွေက လူကိုကိုက်ချင်အောင် ဆွဲဆောင်နေပြန်တယ်။မျက်ဝန်းလေးတွေက မဟူရာဆန်ဆန်..ဒါပေမဲ့ ဒီကောင်လေးက
မပြုံးဘူးဖြစ်နေတယ်။
ဒီကောင်လေးရဲ့အပြုံးက တော်တော်လှမယ်လို့ ကျွန်တော်ထင်တယ်။

ကော်ဖီဆိုင်ထဲကနေ အပြင်ကိုကြည့်မိတဲ့ခဏဟာဆိုရင် ..နှလုံးသားတစ်စုံကိုသိမ်းယူသွားလောက်တဲ့ထိ ဒီဖြူဖြူလုံးလုံးလေးက ချစ်ချင်စရာလေး။
အဲ့ဒီနေ့ကစပြီး ကျွန်တော် နာမည်ပေးမိပုံက ပေါက်စီလုံးလေးဆိုပြီးတော့ပေါ့။
ကောင်လေးပုံကြည့်ရတာ ပိုက်ဆံချမ်းသာတဲ့အထဲတော့မပါလောက်ဘူး..ဒါပေမဲ့ သုံးနိုင် စွဲနိုင်တဲ့အထဲတော့ပါလောက်တယ်။

"ရှောင်ကျန့် ရောက်နေပြီလား ငါ့​ကောင်ကြီးရ.."
ကျိုးချန်းရဲ့စကားကြောင့် စောနက အဖြူရောင် အရိပ်လေးဘယ်ရောက်သွားပါလိမ့်။

"မင်းကွာ လူကိုအလန့်တကြားလုပ်ရလား။
ငါ့ပေါက်စီလုံးလေး ဘယ်ရောက်သွားပါလိမ့်။"

"ဟျောင့် ရှောင်ကျန့် မင်းဘာတွေပြောနေတာလည်း..ဘယ်မှာလဲ ပေါက်စီက ငါသိတာတော့ ဒီဆိုင်မှာ ပေါက်စီမရောင်းပါဘူး။"

"မင်းမသိပါဘူး...အသာနေစမ်းပါ.."
ရှောင်ကျန့်..ဘေးဘီဝဲယာဆီ မျက်စိဝှေ့ယမ်းရှာကြည့်ပေမဲ့ သူ့ရဲ့ပေါက်စီလုံးလေးကိုမတွေ့ရ..

"ဟာကွာ ပျောက်သွားပြီ..
အဲ့ဒါမင်းကြောင့် ကျိုးချန်းကောင်.."

"အလိုလေး...ငါလည်းဘာမှမလုပ်ရပါပဲ
ဘလိုင်းကြီး ငါ့ကိုရန်ရှာနေတယ်.. မင်းတော့။"

ဝမ်ရိပေါ်က အမှန်တော့ အဲ့ဒီကော်ဖီပိုင်ရှင်ရဲ့သားပါ။ ဆိုင်နဲ့ အိမ်နဲ့က မျက်နှာချင်းဆိုင်မို့ ရိပေါ်အိမ်ထဲဝင်သွားတာကို ရှောင်ကျန့် မသိလိုက်တာ။
ကော်ဖီဆိုင်လေးက အတွင်းပိုင်းမှာက ပုံစံတမျိုးလေးဒီဇိုင်းရှိပြီး..ဆိုင်ရဲ့အပြင်ကိုတော့ ထီးလေးတွေ မိုးပေးထါးခြင်းပါ။
အခုရှောင်ကျန့်ထိုင်နေမိတာက အပြင်ဘက်က ထီးတွေမိုးထားတဲ့ ဘက်မှာပါ။

Ge ရဲ့ပေါက်စီလုံးလေးဝမ်ငယ်💘(Completed) Where stories live. Discover now