ep(27)💚

6.3K 441 47
                                    

ရှောင် Company ရဲ့ ကုန်ပစ္စည်းကြော်ငြာ
လဲ အချောသတ်အပြီးအောင်မြင်ခဲ့ပါပြီ..
ဒါရိုက်တာလုရဲ့ ဆက်သွယ်အကြောင်းကြားမှုကြောင့်.

တဖက်မှာတော့..မနက်အလုပ်မသွားဘူးဆုံးဖြတ်ပြီး အိပ်ကောင်းခြင်းအိပ်နေကြတဲ့
ရှောင်စုံတွဲ..

ရှောင်ကျန့်လက်မောင်းပေါ်အိပ်စက်နေတဲ့
ဖြူဖြူလုံးလုံးကောင်လေးကြောင့် ဖုန်းလာလို့ ကိုင်မဲ့လက်တွေက တုန့်ဆိုင်းနေမိပြန်တယ်။

'ငယ်ကအိပ်ပျော်နေဆဲ..'ဒါနဲ့ ရိပေါ်ရဲ့ခေါင်းလေးကို အသာမပြီး..ခေါင်းအုံးလေးပေါ်တင်ပေးကါ ရှောင်ကျန့် ဝရန်တာဆီဖုန်းပြောရန်ထွက်ခဲ့တော့သည်။

"CEO ရှောင် ခဏနေ ကြော်ငြာကိစ္စအတွက် ခဏလောက်အချိန်ပေးနိုင်မလား။ကျွန်တော့်ဘက်က အားလုံးအပြီးသတ် ပြီးပြီမို့ လိုအပ်ချက်ရှိတဲ့နေရာ
ဝေဖန်ပေးရင်း သဘောကျ မကျကြည့်ပေးပါအုံး။
နောက် 2 နာရီလောက်နေရင် ကျွန်တော်
ရှောင် company ကိုရောက်မယ်။"

"အချိန်ကတော့ နေ့လည်လောက်ရောက်ပြီပေါ့..အဆင်ပြေရဲ့လား..ခင်ဗျ.."

"Ok..ကောင်းပြီလေ ဒါရိုက်တာလု..
ကျွန်တော် စောင့်နေပါ့မယ်။"

"ရှဲရှဲ..CEO ရှောင်"

"ဒါပဲနော်..အပြီးသတ်စရာလေးကျန်နေသေးလို့ပါ။"

"Ok..ok..မကြာခင်ဆုံကြတာပေါ့.."

............

ရှောင် Company မှာတော့ သတင်းထောက်များနဲ့ပြည့်နေခဲ့ပြန်တယ်။

အဝင်အထွက် တကယ့် main ဝင်ပေါက်မှာမှ စောင့်နေကြတဲ့အတွက် ရှောင်ကျန့် ရိပေါ်လေးကို ဘယ်ကခေါ်သွားရမှန်းမသိ
အကြပ်ရိုက်နေခဲ့တယ်။

"CEO ရှောင်.. ခုတလောကြားနေရတဲ့သတင်းစကားတွေအရ..CEO ရဲ့ ချစ်သူက
ကြော်ငြာရိုက်ပေးတဲ့ ဝမ်ရိပေါ် ဟုတ်ပါသလားရှင့်..CEO နဲ့ ဝမ်ရိပေါ်တို့ ကုန်တိုက်မှာလည်း စကားအနည်းငယ်များခဲ့ကြတယ်လို့ လူမှုစာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာ သိပါသလားရှင်..."

သူ့ကလေးရဲ့ သတင်းက ပေါက်ကြားတာမြန်သား..ပြီးတော့ သူတို့နှစ်ယောက်ရဲ့ပက်သက်မှုတွေကအစ အကုန်စပ်စုနေကြတဲ့ သတင်းသမား ပါပါရာစီတွေကိုရှောင်ကျန့် နရင်းသာပြေးအုပ်ချင်မိတယ်။

Ge ရဲ့ပေါက်စီလုံးလေးဝမ်ငယ်💘(Completed) Where stories live. Discover now