" ဟယ်လို ရိပေါ် ငါရောက်နေပြီ မင်းဘယ်မှာလဲ ဟုတ်လား ဒါဆိုလည်းငါအရင်တက်နှင့်ပြီးစောင့်နေမယ်လေ ဘိုကင်ယူထားတယ်မလား အင်း အင်း လမ်းမှာဖြေးဖြေးလာနော် မလောနဲ့ ကြားလား အိုကေ ခဏနေတွေ့ကြတာပေါ့ ဟုတ်ပါပြီ ငါလည်းအရမ်းချစ်တယ်နော် မောင် "
ဒီနေ့ကရိပေါ်နဲ့သူ့ရဲ့ချစ်သူသက်တမ်းငါးနှစ်ပြည့်တဲ့နေ့လေး။ဒီနေ့လေးကိုကျင်းပဖို့သူနဲ့ရိပေါ်စတင်တွေ့ခဲ့တဲ့ဒီစားသောက်ဆိုင်လေးကိုရွေးချယ်ဖြစ်ခဲ့သည်။ဒါကလည်းရိပေါ်ရဲ့အကြံပါပဲ။ကိုယ်ကတော့သူနဲ့အတူတူရှိရတဲ့အချိန်တိုင်းကရိပေါ့်ရဲ့အလိုလိုက်ချစ်ခင်ပေးမှုတွေကြားမှာပျော်မွေ့ခဲ့ရတာပါပဲ။
ကောင်တာကဝန်ထမ်းလေးရဲ့လမ်းပြမှုနဲ့အပေါ်ထပ်ကစားပွဲဝိုင်းဆီသွားရင်းနဲ့အမှတ်ရမိသွားတာကဒီစားပွဲနေရာမှာမကောင်းတဲ့ရေစက်ဆိုးအဆုံးသတ်ခဲ့ရသလိုပျော်ရွှင်မှုအပြည့်နဲ့ကံကောင်းခြင်းတို့တစ်ပြိုင်တည်းစခဲ့တာကိုပါပဲ။ဒီကောင်လေးကတော့လေလို့စိတ်ထဲမှာကြိတ်ဆူမိလိုက်ပြီးတော့မှလိုက်ပို့ပေးတဲ့ဝန်ထမ်းလေးကိုအဆင်ပြေကြောင်းအတူလာမဲ့သူကိုစောင့်ပြီးမှမှာမယ်လို့ပြောလိုက်ပြီး မီနူးကဒ်လေးကိုသာလှန်ကြည့်နေမိတော့သည်။
မီနူးကဒ်ကိုလှန်ကြည့်နေရင်းကရိပေါ်နဲ့စဆုံခဲ့သည့်နေ့ကိုမျက်စိထဲပြန်လည်မြင်ယောင်လာသည်။အဲ့နေ့ကရှောင်းကျန့်နဲ့လင်းမုတို့ဒီစားသောက်ဆိုင်မှာပဲလမ်းခွဲဖြစ်တဲ့နေ့ ။အဲ့နေ့ကရှောင်းကျန့်တအားဒေါသထွက်နေသလိုခံလည်းခံပြင်းနေသည် တွဲလာတဲ့နှစ်နှစ်လုံးသူ့ဘက်ကပဲအမြဲအလိုလိုက်အလျှော့ပေးရင်းနဲ့ဒီဆက်ဆံရေးကိုထိန်းလာခဲ့ရတဲ့အတွက်အရမ်းပင်မွန်းကြပ်ကာပေါက်ကွဲချင်မိသည်အထိပင်ပန်းနေခဲ့သည်။လိုမှကြင်နာပြပြီး မလိုလျှင်ပစ်ပယ်ထားတတ်တဲ့သူ့ကိုအမြဲခွင့်လွှတ်သည်းခံပေးခဲ့ပေမဲ့ ကိုယ့်ကိုဆိုအမြဲနားမလည်ပေးဘဲအလိုမကျလျှင်အမြဲအပြစ်ပြောတတ်သည့်သူ့ကြောင့် ဒီအတိုင်းဆက်သွားရန်မဖြစ်တော့ဟုဆိုပြီး စားသောက်ဆိုင်တစ်ခုမှာချိန်းပြီးစကားအေးဆေးပြောညှိနှိုင်းမယ်လို့ရည်ရွယ်ထားပေမဲ့ သူ့ဘက်ကနေလမ်းခွဲစကားစပြောလာတဲ့အခါမှာပေါက်ကွဲမိတော့သည်။ပတ်ဝန်းကျင်လည်းဂရုမစိုက်အားတော့ပဲမွန်းကြပ်သမျှကိုဖွင့်ထုတ်မိတော့သည်မှာလင်းမုနဲ့စိတ်ပျက်စရာကောင်းလွန်းတဲ့အချစ်ရေးကိုအဆုံးသတ်မိတဲ့အထိပင်။ဘဝရဲ့မွန်းကြပ်ရပြီးပင်ပန်းရလွန်းတဲ့အချိန်ကိုကျော်လွန်ပြီးပျော်ရွှင်မှုများနဲ့ပြည့်နေတဲ့ကံကောင်းတဲ့အချိန်ကိုစတင်တဲ့အနေနဲ့ အနားကိုရောက်လာပြီး ဧည့်သည်အဆင်ပြေရဲ့လားဆိုပြီး ရေခွက်လေးကမ်းပေးတဲ့ဒီစားသောက်ဆိုင်မှာအချိန်ပိုင်းလုပ်နေတဲ့ဝိတ်တာလေးဝမ်ရိပေါ်နဲ့စတင်တွေ့ဆုံခဲ့သည်။