Zawgyi
"ကဲ....သတို့သားနဲ့သတို့သမီး နေရာယူလို့ရပါပြီ"
ရယ်လိုက်ရင် အထင်းသားပေါ်လာတဲ့ ပါးချိုင့်တွေနဲ့
ကောင်လေးကပြောလိုက်တော့ နှုတ်ခမ်းဖူးဖူးလေး
နဲ့ကောင်လေးက ဘေးက အရုပ်မလေးတစ်ရုပ်ကို
ယူလိုက်ပြီး ပါးချိုင့်နဲ့ကောင်လေးရှေ့ ရပ်လိုက်သည်။"သတို့သားရော သတို့သမီးရော အဆင့်သင့်ဖြစ်ပါပြီ ဖာသာ Joon"
"အာ Jin Hyung....ဘာလို့ ကျွန်တော့
ကောင်မလေးကို ယူသွားရတာလဲ"ဘေးခုံမှာထိုင်နေတဲ့သွားသေးသေးလေးတွေနဲ့ကောင်
လေးက ဆူပုတ်စွာပင် အော်ပြောတော့ နှုတ်ခမ်းဖူးဖူး
လေးနဲ့ကောင်လေးက သွားဖြီးပြရင်း...."Yah...Min Yoongi...ငါ့ကို ခဏလေးဌားလေကွာ"
"ပြီးရော....ခဏပဲနော်"
ဘုတ် 💥💥
"အ့..ဟင် ဒီဘောလုံးက ဘယ်ကရောက်လာတာလဲ အား...ငါ့ဖင်နာသွားပြီ"
"ဟုတ်ပါ့....Jin Hyung ကို ဘယ်သူဘောလုံးနဲ့
ပစ်ပေါက်တာလဲကွ""မိုက်ရင် ထွက်ခဲ့ကွာ"
သူ့ဆီကို ဘယ်ကမှန်းမသိတဲ့ဘောလုံးမှန်လာတာ
ကြောင့် ထအော်လိုက်တော့ ဘေးက အငယ်နှစ်
ကောင်ကပါ လိုက်အော်သည်။"အာ....တောင်းပန်ပါတယ်...ငါဘောလုံးဆော့နေ
တာ...ဘောလုံးက ခြံထဲကကျော်ထွက်သွားလို့""မင်းကဘယ်သူလဲ..မင်းကို ငါတို့တစ်ခါမှမမြင်
ဖူးဘူး"သူတို့ခြံထဲကိုဝင်လာပြီး ဘောလုံးကောက်ရင်း ပြော
လာတဲ့ကောင်လေးကို သူမေးလိုက်တော့ ထိုကောင်
လေးဆီက ပေါ်ထွက်လာသည်က လေးထောင့်ဆန်ဆန် အပြုံးလေးတစ်ခု ။"ငါ့နာမည်က Kim Tae Hyung ပါ...မနက်ကမှ ဟိုဘက်ခြံကို ပြောင်းလာတာ "
"အာ...သိပြီ...သိပြီ ငါက Kim Seokjin....သူက Kim Namjoon.....သူက ငါတို့ရဲ့ အငယ်ဆုံးလေး Min Yoongi....ငါတို့ မင်္ဂလာဆောင်တမ်း ကစားနေတာ....မင်းရော ပါဦးမလား...ပါချင်ရင်
ငါ့သတို့သမီးရဲ့ အဖေနေရာကဝင်လုပ်...ဟီး"အကြီးဖြစ်တဲ့ သူကပဲသွက်သွက်လက်လက်နဲ့ အငယ်
နှစ်ကောင်ကို လက်ညှိုးထိုးပြီး မိတ်ဆက်ပေးရင်း လူများလေကောင်းလေဆိုတဲ့အတိုင်း ဆော့ဖို့
အဖော်ပါစပ်လိုက်သေးသည်။
YOU ARE READING
𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionတစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ တစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ Main couple - Kookjin / Vmin Side couple - Taejin / Sope Yoai Romance