~~~~~~~~~~~~
ပါးပြင်ပေါ်အေးစက်တဲ့အထိအတွေ့ကြောင့်
မျက်လုံးတွေဖွင့်လိုက်တော့Jennie ကို ငုံ့ကြည့်ပြီး
ပြုံးပြနေတဲ့ မိန်းကလေးတစ်ဦး..."နိုးလာပြီလား Baby?"
သူမရဲ့စကားက
အိပ်ပျော်ရာက နိုးလာတဲ့ Jennieကိုပြောမှန်း
Jennieသိလိုက်တယ်
လှဲနေရာကနေထထိုင်လိုက်တော့
သူမက အုပ်မိုးထားရာကနေ
အသာတကြည်ဖယ်ပေးလာတယ်"ဘယ်သူလဲ?
နင်ဘယ်သူလဲ?
ဘာလို့ငါ့အခန်းထဲရောက်နေတာလဲ?"Jennie သူမကို မေးခွန်းတွေထုတ်လို့
ပြီးဆုံးသွားသည့်တိုင်အောင် သူမပြုံးပြနေသေးတယ်ဘယ်ဘက်ရင်အုံက
အဆမတန် ရိုက်ခတ်နေမှုကြောင့်
ကျွန်မမျက်လုံးထဲမှာ မြင်နေရတာက
သူမရဲ့ လှပတဲ့ အပြုံးတွေကို
ဖန်တီးပေးနေတဲ့ နှုတ်ခမ်းဖူးဖူးလေး"တို့က baby ကိုယ်တိုင်ပဲလေ"
"ဘယ်လို?
နင်က ငါ ?"ကိုယ့်ကိုယ်ကို လက်ညှိုးထိုးရင်း
Jennie မေးလိုက်တော့
သူမကခပ်ဟဟလေးရယ်လာခဲ့တယ်အဲ့အပြုံးတွေ
Jennie ကိုအသိစိတ်မဲ့စေတယ်
သူမက Jennieကို ပြုစားနေတယ်💭ဘုရားသခင်!
သူမ ငါနဲ့အရမ်းနီးကပ်လာပြီ💭Jennie အသိစိတ်တွေ ထွေပြားနေတုန်းမှာပဲ
သူမက အနားကပ်လာခဲ့တာကြောင့်
Jennie မျက်လုံးတွေကို ဖြစ်ညှစ်ပြီး စုံမှိတ်ရင်း
ကိုယ်ကိုအနောက်သို့ မယိုင်တယိုင် လှန်မိတယ်"တို့ဘဝက babyပဲ
baby တို့ကိုဖန်တီးတာ
အဲ့ဒါကြောင့်တို့ကbaby ကိုယ်တိုင်ပဲလေ
ချစ်တယ် ကလေးလေး!"နားအနား ကိုကပ်ပြီး
ပြောလာတဲ့သူမကြောင့်
တစ်ကိုယ်လုံး အေးခဲသွားမတပ်ပါပဲ
jennie ထိန်းချုပ်နိုင်စွမ်းမရှိ တော့ဘူးကုတင်ပေါ်ထိုင်နေရင်းကနေ
မူလအိပ်နေတဲ့ အနေအထားကို
လန်ကျသွားခဲ့တယ်