တစ်စုံတစ်ယောက် ယောက်က
ဒုက္ခပေးတော့မယ် ဆိုတဲ့ စိတ်မျိုးနှင့်အမြဲရှင်သန်နေရတယ်
ဘယ်သူမှန်းမသိတဲ့ တစ်စုံတစ်ယောက်က
ဒုက္ခပေးတော့မယ်
အဲ့ဒီ့ တစ်စုံတစ်ယောက်က
ငါ့ကိုဒုက္ခပေးတော့မှာပါလားဆိုပြီး
အမြဲပူပန်နေတယ်
ပြဿနာက အဲ့ဒီ့တစ်ခုတည်း
မဟုတ်ဘူးထင်တယ်
အခုဆိုပိုဆိုးလာတယ်
လူတွေက ကိုယ့်ကိုကြည့်နေရင်တောင်
အဲ့နေ့ တစ်နေ့လုံး လုံးဝမပျော်တော့ဘူး
ကျွန်တော် ရသွားတဲ့စိတ်ဒဏ်ရာတွေဟာ
ခုချိန်ထိ ကုစားလို့မရပါဘူး။
တစ်ခါတစ်လေကျရင်
ဒီ စက်ဆုပ်စရာ ပတ်ဝန်းကျင်ကြီးကနေ
ကျွန်တော် ရုန်းထွက်လိုက်ချင်တယ်။
မေတ္တာပို့ပေးတယ်။
ပါဌာန်း ပုံမှန်ရွတ်တယ်။
ဒါပေမဲ့ အဲ့ဒီ့တစ်ချိန်လေးပဲအေးချမ်းတယ်။
ကျန်တဲ့အချိန်တွေမှာ
ငရဲ ကျသလိုပူလောင်ရတယ်။
Messenger က စာပို့လို့ဝင်လာတဲ့
noti အသံကိုကြောက်တယ်။
Phone လာတဲ့ အသံကိုကြောက်တယ်။
အဲ့လိုမျိုး ဘာမဟုတ်တာလေးကအစ
ကျွန်တော် ကြောက်တတ်လာတယ်။
အဲ့ဒီ့အကြောက်တရားကြီးနဲ့
ကျွန်တော် အသက်မရှင်ချင်တော့ဘူး။
သတ်သေခြင်းဟာ လွတ်မြောက်တဲ့လမ်းအမှန်မဟုတ်ဘူးဆိုတာ သိပါတယ်။
ဒါပေမဲ့ စိတ်ကိုမနိုင်ပဲသတ်သေမိမှာလည်းကြောက်တယ်....
အရာအားလုံးကို ကြောက်နေတယ်#Rayz
YOU ARE READING
ကြောက်ရွံခြင်းတွေက အနားမှာ
FantasyMessenger က စာပို့လို့ဝင်လာတဲ့ noti အသံကိုကြောက်တယ်။ Phone လာတဲ့ အသံကိုကြောက်တယ်။ အဲ့လိုမျိုး ဘာမဟုတ်တာလေးကအစ ကျွန်တော် ကြောက်တတ်လာတယ်။