ကြောက်ရွံခြင်းတွေက အနားမှာ

0 0 0
                                    


တစ်စုံတစ်ယောက် ယောက်က
ဒုက္ခပေးတော့မယ် ဆိုတဲ့ စိတ်မျိုးနှင့်အမြဲရှင်သန်နေရတယ်
ဘယ်သူမှန်းမသိတဲ့ တစ်စုံတစ်ယောက်က
ဒုက္ခပေးတော့မယ်
အဲ့ဒီ့ တစ်စုံတစ်ယောက်က 
ငါ့ကိုဒုက္ခပေးတော့မှာပါလားဆိုပြီး
အမြဲပူပန်နေတယ်
ပြဿနာက အဲ့ဒီ့တစ်ခုတည်း
မဟုတ်ဘူးထင်တယ်
အခုဆိုပိုဆိုးလာတယ်
လူတွေက ကိုယ့်ကိုကြည့်နေရင်တောင်
အဲ့နေ့ တစ်နေ့လုံး လုံးဝမပျော်တော့ဘူး
ကျွန်တော် ရသွားတဲ့စိတ်ဒဏ်ရာတွေဟာ
ခုချိန်ထိ ကုစားလို့မရပါဘူး။
တစ်ခါတစ်လေကျရင်
ဒီ စက်ဆုပ်စရာ ပတ်ဝန်းကျင်​ကြီးက​နေ
ကျွန်တော် ရုန်းထွက်လိုက်ချင်တယ်။
မေတ္တာပို့ပေးတယ်။
ပါဌာန်း ပုံမှန်ရွတ်တယ်။
ဒါပေမဲ့ အဲ့ဒီ့တစ်ချိန်လေးပဲအေးချမ်းတယ်။
ကျန်တဲ့အချိန်တွေမှာ
ငရဲ ကျသလိုပူလောင်ရတယ်။
Messenger က စာပို့လို့ဝင်လာတဲ့
noti အသံကိုကြောက်တယ်။
Phone လာတဲ့ အသံကိုကြောက်တယ်။
အဲ့လိုမျိုး  ဘာမဟုတ်တာလေးကအစ
ကျွန်တော် ကြောက်တတ်လာတယ်။
အဲ့ဒီ့အကြောက်တရားကြီးနဲ့
ကျွန်တော် အသက်မရှင်ချင်တော့ဘူး။
သတ်သေခြင်းဟာ လွတ်မြောက်တဲ့လမ်းအမှန်မဟုတ်ဘူးဆိုတာ သိပါတယ်။
ဒါပေမဲ့  စိတ်ကိုမနိုင်ပဲသတ်သေမိမှာလည်းကြောက်တယ်....
အရာအားလုံးကို ကြောက်နေတယ်

#Rayz

You've reached the end of published parts.

⏰ Last updated: Sep 28, 2020 ⏰

Add this story to your Library to get notified about new parts!

ကြောက်ရွံခြင်းတွေက အနားမှာ Where stories live. Discover now