Unicode

590 89 0
                                        

ဆိုးလ်မြို့မှာတစ်ယောက်တည်း ကျောင်းလာတက်နေသော Baekhyun ၏ လွတ်လပ်ခွင့်တို့ ကုန်ဆုံးသောနေ့က ညီတစ်ဝမ်းကွဲဖြစ်သူ Oh Sehun နှင့် ဒင်းရဲ့သူငယ်ချင်းနှစ်ယောက် Baekhyun နဲ့အတူနေရင်း ကျောင်းဆက်တက်ဖို့ ဆိုးလ်ကိုရောက်လာသောနေ့ဖြစ်သည်။ စိတ်ညစ်ရသည်မှာလည်း တခြားတော့မဟုတ်။ Oh Sehun ဆိုသောအကောင်က ဟိုတိုင်ဒီတိုင် အလွန့်အလွန်ဝါသနာပါသော အကောင်ဖြစ်သည်။ နယ်မှာကျောင်းတက်နေတုန်းကလည်း Baekhyun ကသာ သူ့အတန်းတစ်ခါမှ မသွားတာ။ Oh Sehun ကတော့ Baekhyun တို့အတန်းကို အားတာနှင့်လာချောင်းပြီး အိမ်ကျပြန်တိုင်စရာချောင်းနေတတ်သည်။

Oh Sehun ထက် နှစ်နှစ်ပိုကြီးတာမို့ ကျောင်းအရင်ပြီးပြီး ဆိုးလ်မှာ ကျောင်းဆက်တက်ဖို့ အိမ်ကလည်းခွင့်ပြုလိုက်တုန်းက Oh Sehun ရဲ့ အရိပ်မည်းကြီးက လွတ်ပြီဟု အထင်မှားခဲ့ဖူးသည်။ ခွေးထက်မိုက်ခဲ့သည့်အချိန်များပင်။

ဆိုးလ်ထိလိုက်လာပြီး ဒုက္ခပေးမယ်ဆိုရင်လည်း သူ့တစ်ယာက်တည်းဆို တော်ပြီပေါ့။ အခုက သူ့ရဲ့မကောင်းကြံဖော်ကြံဖက် Kim JongIn ဆိုသည့်အကောင်ကိုပါ တပါတည်းခေါ်လာသေးသည်။ Oh Sehun နှင့် Kim JongIn ဆိုသည်မှာလည်း လေးဖက်ထောက်သွားတတ်တည်းက တစ်တွဲတွဲ။ အဲ့အရွယ်တုန်းက တစ်အိမ်လုံးအနှံ့အီးတွေလိုက်ပါကြတာက အစ၊ အလယ်တန်းတုန်းက စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ပတ်ပြီး ဟိုတိုက်ဒီတိုက် လိုက်တိုက်ကြတာကအလယ်၊ အထက်တန်းမှာ စာခိုးချဖို့ ပစ္စည်းတွေလက်လီလက်ကားရောင်းဝယ်ဖောက်ကားရင်း တစ်လကျောင်းနားခံရတာအဆုံး ပုခုံးဖက်လုပ်လာကြသော သူငယ်ချင်းဆိုးများပင်။ ကျောင်းနားခံရသည့်တစ်လအတွင်းလည်း နည်းနည်းလေးမှ နောင်တမရဘဲ နှစ်ကောင်သား အိမ်မှာနေ့တိုင်း အင်တာနက်ဂိမ်းပြိုင်ဆော့ကြသည်။ ပထမကတော့ သူတို့အချင်းချင်း အပျော်ဆော့ပေမဲ့ နောက်ကျတော့ အင်တာနက်ကနေ ချိတ်ဆက်ပြီး တခြားအုပ်စုတွေနဲ့ ပိုက်ဆံကြေးပြိုင်ဆော့ကြသည်။ ရက်ပိုင်းလောက်တော့နိုင်နေပေမဲ့ နောက်ပိုင်းရှုံးသည့်အခါကျ လျော်စရာပိုက်ဆံမရှိလို့ဆိုပြီး နှစ်ကောင်သား Oh Sehun အမေဆီက ပိုက်ဆံနှိုက်ကြသတဲ့။ မိသွားတော့ နှစ်ကောင်လုံး ခြံထဲကမြက်တွေကို လက်နဲ့လိုက်နုတ်ကြရသည်။ Kim JongIn ကလည်း အိမ်မှားမွေးသလားမှတ်ရအောင်ပင် Sehun တို့အိမ်မှာအိပ်၊ Sehun တို့အိမ်မှာစားသည့်အကောင်ဖြစ်သောကြောင့် Sehun နဲ့အတူ အမြဲရောအပြစ်ပေးခံနေရကျဖြစ်သည်။ အင်း...ကျောင်းနားခံရတာ တစ်လပြည့်ပြီး ကျောင်းပြန်တက်ရတော့ ကျောင်းအုပ်ကြီးအခန်းထဲသွားပြီး ကျောင်းထပ်နားပေးဖို့တောင်းဆိုကြသတဲ့။ ဟိုက ကျောင်းတစ်ခါတည်းထုတ်ပေးမယ်ပြောလိုက်တော့မှ နှစ်ကောင်သားပြန်ထွက်ပြေးလာသည်။

You've reached the end of published parts.

⏰ Last updated: Sep 28, 2020 ⏰

Add this story to your Library to get notified about new parts!

Us And Those Two Idiots Where stories live. Discover now