"ဘတ်ဟွန်းနီး သား ထီးယူသွားနော်
မိုးရွာနိုင်တယ် "မေမေ့ရဲ့အောက်ထပ်ကအော်ပြောသံကြောင့် အခန်းတောင့်မှာထားထားသည့် ထီးအဝါလေးကို ယူပြီးအခန်းထဲကထွက်ခဲ့သည်။
အောက်ထက်ဆင်းလာတော့ မီးဖိုချောင် ထဲမှာရှိနေတဲ့ မေ့မေ့ကိုနှုတ်ဆက်ပြီး Bus ကားဂိတ် ကိုထွက်လာခဲ့သည်။
Bus စောင့်နေရင်း မိုးရွားလာတော့ ထီးယူသွားခိုင်းသည့်မေမေ့ကို ဒီကနေလှမ်းပီးကျေးဇူးတင်လိုက်သေးသည်။
"အာ..တော်သေးတာပေါ့ ထီးယူခဲ့လို့"
အလုပ်သွားချိန် မိုးကရွာတော့ လမ်းမမှာပြေးလွှာနေတဲ့သူတွေလည်း အများ။
သူ့အကြည့်တွေက လမ်းတစ်ဖက်က အတွဲလေးဆီရောက်သွားမိတယ်။ ထီးတစ်ချောင်းကိုအတူတူပူးကပ်ဆောင်းနေကြတာ ။ ကောင်လေးဖြစ်သူက ကောင်မလေးဘက်ကို ပိုဆောင်းပေးတော့ တစ်ခြမ်းက မိုးရေတွေစိုကုန်လို့။သူလည်းအဲ့လိုဆယ်ကျော်သက်အရွယ်က အချစ်ကိုရူးဖူးခဲ့သည်။ တစ်ယောက်သောသူနဲ့ မိုးရေထဲမှာ ထီးအတူဆောင်းပြီး ပျော်ရွှင်ခဲ့ဖူးသည်။
"မောင် မင်းဘက်က မိုးတွေစ်ိုကုန်ပီလေ"
"မောင်ကရတယ် မင်းလေး မစိုဖို့အရေးကြီးတယ် ။ အဖျားကလွယ်သေးတယ် "
Baekhyun သူ့ကိုသတိရမိပြန်ပီ ။
အချိန်တွေတောင်ကြာခဲ့ပီလေ။ သူတောင် ဘဝသစ်တစ်ခုမှာ အခြေကြလောက်ပီ ။ အခုချိန်ထိ Baekhyun ကမမေ့နိုင်သေး။ တိုက်ဆိုင်မှုတွေရှိလာတိုင်းသတိရ ရပါတယ် တစ်ယောက်သောသူ။__________________________________
အလုပ်ကိုရောက်ရောက်ချင်း ဒီနေ့တင်ဆက်ရမဲ့ အစီအစဥ် တွေကိုပြန်ကြည့်။ သူ့အစီအစဥ် လွင့်ချိန်က ၁၀နာရီမှဆိုတော့ လောလောဆယ်တော့ အချိန်ရသေးတယ် ။
Baekhyun သူက Y FM Radio ကpresenter တစ်ယောက်။
ဒီအလုပ်နဲ့ သူတို့ သားအမိနှစ်ယောက်စာကအဆင်ပြေတာထက်ကိုပိုတယ်။
လစာလည်းကောင်းတယ် ။ သူကလည်းဝါသနာပါတော့ အဆင်ပြေတယ် ။သူဒီအလုပ်ကို စဝင်တော့ရူးကြောင်ကြောင်အတွေးတစ်ခုဝင်မိတယ် ။ တစ်ကယ်လို့များ တစ်ယောက်သောသူ သူ့အသံလေးကြားရင် မှတ်မိပြီး သူဆီများလာရှာမလားဆိုပြီး တိတ်တိတ်လေးမျှော်လင့်ဘူးတယ် ။