မျက်ရည်စက်ကလေး သေးသေးတင်

0 0 0
                                    

ညာဖက်အိပ်ကပ်ကို လျှစ်လျှူ ရှုထားတဲ့
ဂျစ်ပစီတစ်ကောင်ဟာ
အချိန်မတော်မှုတွေနဲ့ညကိုဆေးခြယ်။

သိပ်ကို လှလှလေး
ကိုယ်ဟန်ပြပြီးနေတတ်လိုက်တာ

စုတ်ချက်မညီမညာကပြလိုက်တဲ့
ကင်းဗတ်ပေါ်က
အရေးအကြောင်းတွေဟာ
အက်ကြောင်းတစ်ခု
ကိုယ်စားပြုခွင့်ပေးလိုက်တာပါလေ။

အဆုံးသတ်မှာ မွစာကြဲဖြန့်
မနက်ရောက်ဖို့ ကျိတ်ဆက်ရတဲ့
ညနက်နက်တွေ
အက်ကြောင်းတစ်ခုရဲ့
မျက်ရည် ဖြစ်တတ်ခဲ့တော့။

ရိုးမှုဂုဏ်တွေ အကျုံးမဝင်သေးတဲ့ကမ္ဘာ
သူရဲကောင်းတွေ အလီလီသေလို့
သမိုင်းမှိုင်းတတ် ဂျပ်စွဲခဲ့ပြီး
ပလ္လင်အောက်က
မြို့ရိုးတွေလည်း မဖော်ချင်ပါနဲ့တော့လေ။

ဦးခွံအပိုင်းအစတွေကို ပြန်ကောက်
မှော်အောင်တဲ့လက်နဲ့ ဆေးစက်ချရာ
အရုပ်ဖြစ်အောင်ဆွဲတော့

နင်သာလျှင် လွတ်မြှောက်ရာ
နင်သာလျှင် ငြိမ်းချမ်းရာ
နင်သာလျှင် ပြည့်ဝရာသို့
ရောက်အောင်သွားပါ။
ဟိုရောက်လို့ရှိရင်
ငါ့အတွက် ကောင်းမှုလုပ်ပါ ။

အထုံ အ, န ပေါင်းခင်းထဲက
ရုပ်ဆိုးဆိုးနဲ့ ငိုပြကပြဖို့
ငါကျန်ရစ်ခဲ့မယ် ။

ငါ ကြားနိုင်ခဲ့မယ်ဆိုရင်
နင့် အမျှ ဝေသံ ငါ ကြားနိုင်ခဲ့မယ်ဆိုရင်
ငါ သာဓု သုံးကြိမ်တိတိ ခေါ်ပြီး
ကျွတ်တန်းဝင်ချင်လိုက်တာ ။

You've reached the end of published parts.

⏰ Last updated: Sep 29, 2020 ⏰

Add this story to your Library to get notified about new parts!

မျက်ရည်စက်ကလေး သေးသေးတင်Where stories live. Discover now