Come Babe Come 12

24.5K 1.8K 140
                                    

#Zawgyi

Jungkookက နိုးတော့ အရင်ဆုံးရှာမိတာကTaehyung ရှာမတွေ့လို့အောက်ထပ်ပြေးဆင်းပြီး ရှာတော့လဲမတွေ့ ခြံထဲကို​ပြေးထွက်တော့မှ YongSeok ခွေးလေးနဲ့ဆော့နေတဲ့Taehyungကိုတွေ့လိုက်ရတယ်

စိတ်ပူလွန်းလို့ မျက်ရည်တောင်ဝဲနေရတဲ့Jungkookကို Taehyungကတွေ့​သွားတယ်

ဒီလူက ငါ့ကိုလိုက်ရှာတာလား? အခုရောမတွေ့လို့ငိုနေတာလား

Taehyungလဲ ရပ်ကြည့်နေတဲ့Jungkookနားကိုသွားလိုက်တော့ ဝဲနေတဲ့မျက်ရည်တွေကို သုတ်ပစ်နေတယ်

Tae:ငိုနေတာလား?.....

Jk:ငါကဘာကိစ္စငိုရမှာလဲ? မျက်လုံးထဲဖုန်ဝင်သွားလို့

Tae:မသိပါဘူး....ကျနော့်ကိုမတွေ့​လို့ငိုတာလားလို့

ရဲရဲတင်းတင်းပြောပြီး ခွေးဆီပြန်သွားဖို့လုပ်တဲ့ Taehyungလက်ကိုဆွဲလိုက်ပြီး

Jk:နောက်တခါ ကိုယ်မနိုးသေးပဲ ပြန်မထွက်သွားနဲ့ ကိုယ်မကြိုက်ဘူး ပြီးတော့ morning kissပေးပြီးမှ ထွက်ရမယ်

ပြောရင်းဆိုရင်း Taehyungကိုဆွဲနမ်းပစ်လိုက်တော့ Taehyungမှာ မျက်လုံးပြူးသွားရတယ်

အိမ်​ရှေ့ကြီးမှာလေ အစောင့်တွေအများကြီးရှိတာကို
လာနမ်းနေတယ် ရှက်လို့သေတော့မှာပဲ

Jungkookကနမ်းတာလွှတ်ပေးလိုက်ပြီး

Jk:ကိုယ်​တို့ shoppingထွက်ကြမယ် ok ပြင်ဆင်ထားတော့.....

Taehyungက Jungkookပြောပြီးတာနဲ့ရုန်းထွက်ပြီး ရှက်ရှက်နဲ့အိမ်ထဲဝင်သွားတယ်

Jungkookကလဲကိုယ့်အခန်းကိုပြန်ပြီးရေချိုးပြီး ပြင်ဆင်နေလိုက်တယ် ပြီးတော့အပြင်သွားမှာဆိုတော့ coatတွေဘာတွေမဝတ်တော့ပဲ ပေါ့ပေါ့ပါးပါးလေးဝတ်လိုက်တယ်

Jk:အော် ဟိုကောင်လေးကတော့ သူကဘာအကျီဝတ်မှာလဲ....ကျွတ်

jungkook ကကိုယ့်ဘာသာပြောရင်းနဲ့ Taehyungအတွက် သူ့နဲ့အကျီတူတဲ့ပုံစံလေးပဲ ထုတ်ပြီး Taehyungအခန်းထဲသွားလိုက်တယ်

အကျီမဝတ်ရသေးပဲငုတ်တုတ်လေးထိုင်နေတဲ့ Taehyung ကိုတွေ့လိုက်တော့ Jungkookပြုံးမိသွားတယ် TaehyungကလဲJungkookရဲ့ပေါ့ပေါ့ပါးပါးဝတ်ထားတဲ့ပုံလေးကို တကယ်ကြိုက်တယ်

Come Babe Come 🔞Where stories live. Discover now