Zawgyi
ငါ့အသက်18နှစ် ပူပန်စရာတွေမရှိတဲ့အရွယ်လို့ လူတွေကပြောကြတယ် ဒါပေမယ့်ငါအတွက်တော့ ကွာခြားခဲ့တယ်.
appaဆုံးပြီးနောက်ပိုင်းဦးလေးကငါ့ကို appaရဲ့နောက်မိန်းမဆီမှာ ချန်ထားခဲ့တယ်. အခုဆိုအချိန်က8နှစ်လောက်တောင်ကြာရောပေါ့
"သေချာပေါက် လာခေါ်မယ်လို့ကတိပေးထားခဲ့ပြီးတော့ အခုတော့ငါတစ်ယောက်ထဲ…"
"Woojoo ya!!"
ကျောင်းအရှေ့လမ်းကြားလေးဆီက အနောက်တိုင်းဝတ်စုံအပြည့်နဲ့ဦးလေးကြီးက ကိုယ့်နာမည်ကိုခေါ်လိုက်တာသေချာပါတယ်.
အဲ့ဒီလူကကိုယ့်ဆီကို တစ်ဖြည်းဖြည်းလျှောက်လာနေတယ်. အခုငါမြင်နေရတဲ့သူကငါသိခဲ့တဲ့ အရင်ကဦးလေးတော့မဟုတ်ဘူးမလား¿
"Woojoo ya…ဦးလေးပါ မှတ်မိတယ်မလား ငါတို့Woojooလေးအများကြီးထွားလာပြီပဲ"
"ဦးလေး! တကယ်ပဲဦးလေးလား?"
"immဦးလေးဟုတ်တယ် နောက်ကျမှလာတွေ့မိလို့ တောင်းပန်တယ်နော်Woojoo"
"ဦးလေး… ဟင့်"
ဦးလေးကိုဖက်ပြီးတော့ကိုယ်ငိုချမိတဲ့အခါ ဦးလေးကလည်းငိုတယ် အဲ့အချိန်ကတကယ်ကို ဝမ်းနည်းနေခဲ့ပေမယ့် ကိုယ်ပျော်ခဲ့တယ်.
ဒါပေမယ့်အဲ့ဒီပျော်ရွှင်မှုက အချိန်မကြာခဲ့ဘူး။
ကိုယ်မျှော်လင့်ထားခဲ့သလို ဦးလေးကကိုယ့်ကို သူနဲ့အတူခေါ်မသွားခဲ့ဘူးလေ.~NOONA~
"နင်.. နင်ဒီစကားကိုSunooလေး အရှေ့မှာမပြောမိပါစေနဲ့"
"မပြောတတ်ဘူးလေ အဲ့ဒါကတော့ကျမသဘောပဲပေါ့"
"Noona… ဘယ်တွေသွားနေတာလဲ စိတ်ပူနေတာမလား"
အိမ်ထဲကနေ အပြေးကလေးထွက်လာတဲ့Sunooက ကိုယ့်ကိုစိုးရိမ်စွာကြည့်ပြီးမေးလာတယ်.
"တကယ်ပဲငါ့ကို… စိတ်ပူပေးတာဆိုလို့ Sunooအပြင်မရှိဘူးဘဲ Sunoo ah gomawo"
"Kim Sunoo ommaကနင့်ကို ဝင်မပါနဲ့လို့ပြောထားတယ်မလား"