Day 1....
ခရီးသည်များကားပေါ်သို့တက်နိုင်ပါပြီဟု အော်ပြောလိုက်တဲ့ ခရီးသွားဂိုက်လေးရဲ့အသံကြောင့် ခရီးသည်များ အားလုံး ကားအောက်ထဲတွင် ပစ္စည်းများအစီအရီသွားထားကြပြီး ကားပေါ်သို့ တက်ကြတော့တယ်။ ခရီးသွားရခြင်းကို လူအများစုက နှစ်သက်ကျစမြဲပင်။ ဒါကြောင့် အားလုံးရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်နေတဲ့ အပြုံးအရယ်များကို လူတိုင်းဆီမှာ တွေ့နေရတော့တယ်။ ကျွန်တော်တို့ခရီးစဥ်လေးကတော့ ကမ်းခြေမှာ အပန်းဖြေရင်း အမှတ်တရတွေ ဖန်တီးဖို့ပါပဲ။
ကျွန်တော်လည်း ပြုံးနေမိတယ်။ နူးညံ့တဲ့လက်ဖဝါးတစ်ခုက ကျွန်တော့်လက်ဖဝါးကို လာရောက်ဆုပ်ကိုင်လိုက်ချိန် စိတ်ထဲနွေးထွေးပြီး ထိုသူကို အနည်းငယ်မော့ကြည့်ရင်း ကျွန်တော်သွားတွေပါ ပေါ်တဲ့အထိပြုံးပြလိုက်တော့ သူက ကျန်လက်တစ်ဖက်နဲ့ ကျွန်တော့်ဆံပင်တွေကိုလှမ်းဖွလိုက်သည်။
"အဲ့လောက်ထိချစ်ဖို့ကောင်းအောင်မပြုံးနဲ့လေ.."
ထိုသူရဲ့စကားကြောင့် ကျွန်တော်အနည်းငယ်ရှက်သွားမိတယ်။ လက်တွဲမဖြုတ်ဘဲ ကားပေါ်သို့ တက်လာပြီး ထိုင်ရမဲ့ နံပါတ်ကိုရှာလိုက်တော့ နောက်ဆုံးတန်းရဲ့ အရှေ့ခုံဖြစ်နေတယ်။ သူက ကျွန်တော့်ကို အရင်ဝင်ထိုင်ခိုင်းတယ်။ နေရာအတည်တကျထိုင်ပြီးတဲ့အချိန်အထိ ကျွန်တော့်လက်ကို သူမလွှတ်ပေးသေးပါ။ ကားပေါ်က aircon အအေးဒဏ်ကြောင့် ကျွန်တော့်ခန္ဓာကိုယ်လေး သိမ့်ခနဲချမ်းလို့တုန်သွားတော့ သူက ကျွန်တော်ဝတ်ထားတဲ့ hoodie မှ ဇစ်ကိုအပေါ်ထိဆွဲတင်ပေးပြီး ခေါင်းစွပ်ကို နားရွက်တွေပါလုံတဲ့အထိစွပ်ပေးပြန်တယ်။
ကျွန်တော်တို့ရဲ့ ပထမဆုံးချစ်သူဖြစ်တဲ့နေ့။
ကျွန်တော်တို့ရဲ့ ပထမဆုံးခရီးငယ်လေးတစ်ခုဖြစ်တဲ့နေ့။
ဒီအချိန် နဲ့ ဒီအခြေအနေဟာ ကျွန်တော့်အတွက် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားစေရပြီး မမေ့နိုင်တဲ့အမှတ်တရအဖြစ်ရှိနေမှာပါ။ ကျွန်တော့်ခေါင်းလေး သူ့ပုခုံးပေါ် မှီအိပ်လိုက်တဲ့အချိန် ခရီးသွားဂိုက်ကောင်လေးက ကျွန်တော့်ကို ထူးဆန်းစွာ ကြည့်နေတာကို မြင်လိုက်ရတယ်။ သူကြည့်နေတာမဆန်းပါဘူးလေ ကျွန်တော့်ချစ်သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေတာကို။
YOU ARE READING
ဖြစ်ခွင့်ပေးပါ (Short Story)
Romanceတချို့ ချစ်ခြင်းတရားတွေက "ချစ်တယ်" လို့ ဖွင့်ဟပြောစရာမလိုဘဲ နှလုံးသားက အလိုလို ခံစားသိရှိရတာမျိုး။ ThetEainMhoo