၃နဲ့၄
အပိုင်း၁
မြောင်
လောကကြီးက အဖြစ်အပျက်တို့သည်။ မြန်ဆန်လွန်းလှသည်။ လူရဲ့စိတ်ဆိုတာကလည်း ထိုအဖြစ်အပျက်တို့ နှင့်အတူ လျှင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲ နေသည်။
အမြန်ဆန်ဆုံး လူရဲ့စိတ်တစ်ခုကတော့ အချစ် ၊အချစ်ကို ကျွန်တော်တို့ တွေက တည်မြဲတယ် ခိုင်ခံတယ်လို့ ထင်ကြတယ်။
အချစ်ကမတည်မြဲပါဘူး ခိုင်လည်းမခိုင်ခံဘူး။ အမြဲတမ်းပြောင်းလဲနေတတ်တယ်။ လူတွေက "မင်းမရှိရင် အသက်မရှင်နိုင်ဘူး" "ငါအချစ်ဆုံးက နင်ပါနင်မရှိရင် ငါ့ဘဝကြီးက အဓိပ္ပါယ်မရှိတော့ပါဘူး" အဲ့လို ပြောတတ်ကျ စတမ်းပဲလေ ကျွန်တော်ကိုယ်တိုင်လည်း ပြောခဲ့တာပဲ။ တကယ်တော့ ကျွန်တော့်တို့ဟာ အချစ်ကြောင့် ရှင်သန်လာကျတာမဟုတ်ဘူးဗျ၊ ရှင်သန်လာကျလို့ သဘာဝအရ ချစ်ကြိုက်လာကျတာပဲ။ အချစ်က ဘဝမဟုတ်သလို၊ ရှင်သန်ဖို့ အကြောင်းပြချက်မဟုတ်ဘူး။မြောင် ဖတ်လက်စ စာအုတ်ကိုစာပွဲပေါ်ဘတင်ထားလိုက်သည်။ စာဖတ်ရတာကြာလို့ ညောင်းညာနေပြီ ဖြစ်တာကြောင့် ဇတ်ကို အသာချိုးလိုက်မိသည်။ ထိုင်ခုံက ထကာ အိပ်ရာပေါ်မှာ ခြေကားယားလက်ကားယားလေးနဲ့ အိပ်နေတဲ့ သမီးလေးကို ကြည့်နေမိသည်။
မြောင်သမီးအနားကို သွားလိုက်ကာ သမီးလေးဘေးက နေရာအလွတ်လေးမှာ ခနဝင်လဲလိုက်သည်။ သမီးလေးနဖူးက ဆံစလေးတွေကို လက်နဲ့ အသာဖယ်လိုက်သည်။ ချစ်စရာမျက်နာလေးသည် အပြစ်ကင်းစင်ကာ လှပနေသည်။ မျက်တောင်ကော့ကော့လေးတွေ နာတံသေးသေးတိုတိုလေးနဲ့ နူတ်ခမ်းစူစူထော်ထော်လေးက ဖောင်းနေတဲ့ ပါးလေးကြောင့် ချစ်ဖို့အရမ်းကောင်းနေသည်။
သမီးလေးကို မြင်တိုင်းမြောင် အားနာရသည်။ သမီးရဲ့ အမေ ကျွန်တော့်ရဲ့ မိန်းမက သမီးကို ကျွန်တော့်နဲ့ ထားခဲ့ကာ ကွာရှင်းပြတ်စဲပြီး အခြားလူဆီ ကောက်ကောက်ပါအောင် လိုက်သွားခဲ့သည်။ ငယ်ရွယ်စဥ်အရွယ်မို့ ကျွန်တော်တို့ဟာ စိတ်ခံစားချက်ကိုယ်ဆီနဲ့ သမီးအတွက် မစဥ်းစားခဲ့ကျဘူး။ ကျွန်တော်ဟာလည်း နွယ်အတွက် အချိန်မပေးနိုင်၊ နွယ်ကလည်း ပိုဂရုစိုက်နိုင်တဲ့လူနောက် လိုက်သွားခဲ့သည်။
YOU ARE READING
၃နဲ့၄
Actionအမူ့အခင်းတွေကြားထဲက စုံစမ်းရေးရဲသားလေးနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမူ့။ အလယ်တန်းကျောင်းကတည်း စခင်ပြီး ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်က မြင်လိုက်တာနဲ့ ရန်ဖြစ်နေတတ် စကားများနေတတ်တဲ့ ကောင်လေးတွေပါ။ အထက်မှာ ကွဲသွားပြီး ပြန်ဆုံချိန်မှာတော့ သူတိ...