ဒီနေ့သူငယ်ချင်းတွေနဲ့ချိန်းထားမရှိလိုေ
ကျာင်းကနေအိမ်ကိုသာ တန်းပြန်လာတော့ တအိမ်လုံး
တိတ်ဆိတ်လိုနေလေသည်။
အရင်ထဲက အိမ်ကကိစ္စစိတ်မဝင်စားသလို
ကြီးမေကလွဲရင်ဘယ်သူကိုမှအရေးတယူစကားမပြောတာမို့
သူအခန်းရှိရာသို့သာတက်လာလိုက်သည်။ဧည်ခန်းမှာထိုင်နေကြ အန်တီအွန်နင်းကိုမတွေ့သလို
ကြီးမေလဲအခုထိမတွေ့တာမို့ ထူးဆန်းနေတာသိပေမယ့်
လုပ်စရာရှိရာများကိုသာလုပ်နေလိုက်သည်။
ရေမိုးချိုးပြီးသူအောက်သို့ဆင်းလာမိတော့ ခြေသံသဲ့သဲ့လေးကြားလိုက်ရသည်မို့ ကြည့်မိတော့ ဟိုအကောင်ပေါက်လေးဖြစ်နေခဲ့သည်။ဂတ်စ်မီးဖိုခလုတ်ကိုဖွင့်ကာ ဂတ်စ်မိးဖိုပေါ်က အိုးကိုမမှိတမှီနဲ့ကြည့်နေလေသည်။
"ပူ ပူလိုက်တာ !!"
"မင်းဘာလုပ်နေတာလဲ အခု "
မနေနိုင်သည်အဆုံး သွားမေးမိတော့ ထိုအကောင်ပေါက်လေးက သူကိုရယ်ပြလာသလို စားပွဲပေါ်ကခေါက်ဆွဲထုတ်လေးကို
ဖောက်နေရင်း။"ခေါက်ဆွဲပြုတ်စားမလိုပါ ၊ကိုကို "
"အိမ်မှာညစာပြင်ပေးမယ်လူဘယ်သူမှမရှိကြဘူးလား?
မင်းကရော ပြုတ်တက်လိုလား ?""အကုန်လုံးဆေးရုံသွားကြတယ် ၊ သားကလဲ မလုပ်တက်ပေမယ့် အခုရအောင်လုပ်ကြည့်တော့မလိုပါ ၊
ဘာလိုဆို့ သားက အကိုဖြစ်သွားပြီမို့လေ "'ဘာ!!!"
ထိုအချိန်သူဖုန်းလေးမြည်လာသည်မို့သူကိုင်လိုက်မိသည်။
"သခင်လေး ကျမပါ
သခင်မကြီး မီးဖွားနေလို ကျမလဲဆေးရုံရောက်နေတာမို့
ညစာမပြင်ခဲ့မိဘူး အာတာ ဗီတိုသုံးဆင့်မှာခေါက်ဆွဲပြုတ်
အထုပ်တွေရှိ..."ရတယ် ကျတော်ပါသာကြည့်စားလိုက်မယ်
နေပါအုန်း ဆေးရုံတက်တာတယောက် ဘာလို့ အိမ်ကရှိသမျှ
လူအကုန်ဆေးရုံရောက်နေရတာလဲ ?""အာတာက သခင်ကြီးက လိုက်လာခိုင်းလိုပါ"
"ဟူး ဟုတ်ပါပြီ ဒါပဲနော် ကြီးမေ ကျတော် ညစာစားလိုက်အုန်းမယ် "
YOU ARE READING
HATE STORY🔥
Fanfictionပူလောင်ပြင်းပြလှသော အမုန်းတရား၏ ဆန့်ကျင်ဘက်ကိုရှာတွေ့မိသော်လည်း နောင်တများကတပွေ့တပိုက်ဖြင့်။ Hate storys ပူလောင်ပြင်းပြလှသော အမုနိးတရား၏ ဆန့်ကျင်ကို ရှာတွေ့မိသောလည်း နောင်တတပွေ့တပိုက်ဖြင့်။