မြက်ရိုင်းတွေကြားထဲမှာ ထီးထီးကြီးရှိနေတဲ့ အပင်အိုကြီးကို မေးထောက်ကာ ကြည့်နေမိသည်။
အရွက်လဲ တစ်ရွက်မှမရှိသည့်အပြင် ခြောက်သွေ့နေတဲ့ အကိုင်းအခက်တွေကြောင့် ဘာအပင်လဲဆိုတာပင် ခန့်မှန်းလို့မရ။ထိုအပင်ကြီးကို ဘာကြောင့်ထိုင်ကြည့်နေမိမှန်း ရိပေါ်မသိ။
ဖြစ်နိုင်တာတော့...သူအရမ်းပျင်းနေ၍ ဖြစ်လိမ့်မည်။နွေရာသီ ပိတ်ရက်ကို စိတ်ဝင်စားစရာတစ်ခုတစ်လေမှ မရှိတဲ့ ဒီလို မြို့ငယ်လေးမှာ ဖြတ်သန်းဖို့ဆိုတာ ရိပေါ်ခေါင်းထဲ ဘယ်လိုမှ တွေးမရ။
မားကို မလွန်ဆန်နိုင်လို့သာ လိုက်လာရတယ်..... တကယ်ဆို သူက ပေကျင်းမှာနေပြီး ဝါသနာပါရာ သင်တန်းလေးတွေလည်း တက်ရင်း ၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်း ပိတ်ရက်ကို ကုန်ဆုံးချင်တာ။
ဒါပေမယ့်လည်း ဒီကို မလာဖြစ်ရင်တောင် ရိပေါ်ရဲ့ ဆန္ဒတို့က ဖြစ်လာလိမ့်မည်မဟုတ်ပေ။
သင်တန်းတက်တာက ကိစ္စမရှိပေမယ့် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ကို မားကခွင့်ပြုလိမ့်မည် မဟုတ်။မားက အဲ့ဒီလို ရှုပ်ရှုပ်ရှက်ရှက် တွေ လုပ်တာကို မကြိုက်တတ်သူမို့........ ။
" သား ဘာလုပ်နေတာလဲ အဲ့ဒါက "
အခန်းတံခါးကို ကျောပေးပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ကို ငေးနေတာမို့ မားဝင်လာတာကို မသ်ိလိုက်ပေ။
ခုထိနေရာမချရသေးသော သူ့ရဲ့ အထုတ်အပိုးတွေကိုကြည့်ကာ မားက မျက်မှောင်ကြုပ်သည်။"ရိပေါ် ခုထိလည်း ပစ္စည်းတွေ နေရာမချရသေးဘူး ၊
အချိန်ဆွဲနေတာ မားမကြိုက်ဘူးနော် "" ဟုတ်ကဲ့မား သားခနနားနေတာပါ ၊ ခုပဲ ပစ္စည်းတွေ နေရာချတော့မလို့ "
ရိပေါ် ခေါင်းငုံ့ကာ ပြောလိုက်သည်။
" မြန်မြန်လုပ် ပြီးရင် ရေချိုးနော် ၊ မိုးအရမ်းချုပ်သွားရင် အအေးပတ်နေမယ် "
"ဟုတ် မား.... "
'အထက်တန်းပြီးလည်း မနားရဘူး၊ စာဆိုတာအမြဲလေ့လာနေရမယ်' ဆိုတဲ့ မားစကားကြောင့် ယူလာခဲ့ရတဲ့ စာအုပ်ပေါင်းသောင်းခြောက်ထောင်ကိုကြည့်ကာ ရိပေါ်သက်ပြင်းချလိုက်သည်။
YOU ARE READING
Over the Disciplines
RomanceZhanyi !!! ခင်ဗျားက ကျွန်တော့အတွက်တော့ ပြီးပြည့်စုံခြင်းရဲ့ ပြယုဂ်ကလေး... ခင်ဗျားက ကျွန်တော့အတွက်တော့ ပြီးပြည့်စုံခြင်းရဲ့ ပြယုဂ်ကလေး...