Unicode
ပြိုင်ပွဲဝင်ရန် တစ်ရက်အလို
" ဆောင်းဟွန်းလေးရေ ဂျယ်ယွန်းလာတယ် "
ပြိုင်ပွဲမဝင်ခင်တစ်ရက်မို့ ပြင်ဆင်စရာရှိတာတွေပြင်ရသည် ။ အဝတ်တွေလည်း သိမ်းနေရသည် ။
မေမေက ပွဲလည်းလာကြည့်ရင်း ပွဲပြီးလောက်မယ့်အချိန်နဲ့ ကိုက်ပြီး လေယာဉ်လက်မှတ် အသွားအပြန်စီစဉ်ပြီးပြီတဲ့" Yarr ဆောင်းဟွန်းနီးကို လွမ်းနေရတော့မယ်ကွာ တကယ် "
" လွမ်းရင်လွမ်းတယ်မှတ် ဖုန်းခေါ်လေ ရတာပဲ"
" အေးနော် "
" အေးလေ ဖုန်းဆက်ပေါ့ "
" မင်း.. ဆွဲကြိုးဝတ်ထားတာပဲ "
" ဝတ်ရမှာပေါ့ ဘယ်တော့မှမချွတ်ဘူး
မိန်းမယူပြီးရင်တောင် မချွတ်ပဲဝတ်ထားမှာ "" ဟားဟားးး မနက်ဖြန် ကောင်းကောင်းပြိုင်ဖို့ပြောမလို့ အဲ့တာကြောင့်လာတာ "
" မင်းလာကြည့်မယ်မလား သေချာပေါက်လာခဲ့ပေး"
" သေချာပေါက်လာခဲ့မှာပါ ။ ငါသွားပြီ "
" အင်း ကောင်းကောင်းသွား "
_____SUPPORT_SYSTEM_FOR_LIFE______
ပြိုင်ပွဲဝင်မည့်နေ့
ညက ဆောင်းဟွန်းကိုသွားနှုတ်ဆက်ပြီး ရင်ထဲသိပ်မကောင်း တစ်လအတွင်းလုံလောက်တဲ့နွေးထွေးမှုအများစုက ဆောင်းဟွန်းဆီက
ခဏနေရင် အဲ့ပွဲသွားရအုံးမည် ။လူလည်းမလန်းဘူးဖြစ်နေတာကြောင့် ရေနွေးနွေးနဲ့ bathtub ထဲဝင်စိမ်နေလိုက်သည် ။ ဘေးက လက်တန်းပေါ်မှာတင်ထားတဲ့ ဖုန်းက Noti
တက်လာတော့ သူလှမ်းယူလိုက်တော့ ကျောင်းက assignment မတင်ရသေးသူမလုပ်ရသေးတဲ့အကြောင်း စာပြန်ရိုက်မည်လုပ်တဲ့အချိန် ကံမကောင်းစွာပဲ ဆပ်ပြာနဲ့ချောပြီး ရေထဲပြုတ်ကျသွားသည် ။
" ဒီနေ့ကံမကောင်းဘူးကွာ "
ရေမိုးချိုးပြီး မေမေခေါ်တာနဲ့ ထမင်းစားခန်းထဲကိုသွားရသည် ။ ခြေလှမ်းစဉ်မှာပဲ ရုတ်တရက်မခံမရပ်နိုင်အောင် နာလာတဲ့ ဗိုက် ။ သူခြေလှမ်းပျက်သွားပြီး ထိုင်ချလိုက်မိသည် ။
YOU ARE READING
SUPPORT SYSTEM FOR LIFE [SUNGJAKE]✓
Fanfictionsince we're kids Start : sep 21 2020 End : nov 20 2020