WAN [ 16 ]

3K 370 11
                                    

" သား​လေးကအ​ချောပဲ ​"

" ​ကျေးဇူးတင်​ပါတယ်​ ​ဒေါ်​လေး "

သူမအ​ရှေ့တွင်​ရှိ​သော ရီချန့်​နံ​ဘေးတွင်​ထိုင်​​နေသည့်​ ​​နီညို​ရောင်
ဆံပင်​ ၊ မျက်​မှန်​​အဝိုင်း​လေးနှင့် ရိုးရှင်းလှ​သောအသွင်​အပြင်​သာ
ပြင်ဆင်ထား​​ရှိသည့် ရန်​ဇီကိုကြည့်​ပြီးပြုံးလျက်​ဆိုလာ​သောဝမ်မားမား
စကား​ကြောင့်​ ရန်​ဇီ​ခင်ဗျာ​ခေါင်း​လေး​ငုံ့လျက်​ရှက်​​သွေးဖြာ​နေမိ​သည်​ ။

သူမထင်​ထားခဲ့ဘူး ။ သူ့ကို ရီချန့်​က အခုလိုမျိုးလက်​ထပ်​ဖို့အထိ
ရည်​ရွယ်​ပြီးတွဲခဲ့တယ်​ဆိုတာ ။

အများအမြင်​တွင် ဘဲရုပ်​ဆိုးအလျားထင်​မြင်​​ပေးခြင်း​ခံရသည့်
သူ့အတွက်​ နတ်​သားတစ်​ပါးလို​ချော​မောပြီးအကြင်​နာတရား
ရှိ​သောရီချန့်​ကို ပိုင်​ဆိုင်​ခွင့်​ရ​တော့မယ်​ဆိုတဲ့အသိသည်​ ​ဘုရား
ရှင်​​က ​ပေးသနားသည့်​ဆုလာဘ်​တစ်​ပါးလို တန်​ဖိုးကြီးပြီးအဖိုး
ထိုက်​တန်​​လွန်း​လှ​ပေသည်​ ။

" ချန့်​​ကောတို့က​တော့​နော်​ ​ရွေးတတ်​ပါ့ ရန်​ဇီကချစ်​စရာ​လေးရယ်​ "

ကျင်း​ပေစကားကို​​ ရဲ့ဟွား​လေးမှာခေါင်း​လေးငြိမ့်​ကာ​ထောက်​ခံ​ပေး
လျက်​ ...

" ဟုတ်​တယ်​ ဟုတ်​တယ်​ တီ​လေး ဦးဦးရီချ​န့်​ရဲ့ သတို့သား
လောင်းက ချစ်​စရာ​လေး ပါးပါး​ရေ သားသားအတွက်​ ကိုကို
ရန်​ဇီကိုလိုက်​​ပြီးတောင်း​ပေးပါလား "

" အဟွတ်​ အဟွတ်​ "

မီးဖို​ချောင်​တွင်​ ဧည့်​သည်​တို့ကိုစားစရာဧည့်​ခံဖို့ပြင်​​နေ​သော
ရှောင်းကျန့်​ ။

ဧည့်​ခန်းထဲမှသူ့အားလှမ်း​ပြော​သော သားဖြစ်​သူ၏ စကား​ကြောင့်
သောက်​လက်​စ​ ​ရေပါထသီးရတဲ့ အဖြစ်​ ။

ဘယ့်​နှယ့်​ ။ အသက်​ကဖြင့်​(၈)နှစ်​​တောင်​မပြည့်​​သေးဘူး ။

|| WO AI NI ||Where stories live. Discover now