Chapter-2 (Traces of the past)

403 49 4
                                    

Chapter-2 (Traces of the past)

အတိတ်တစ်ခု၏ခြေရာ
ကောက်ကြောင်း

ထိုင်ဝမ်မြို့ တိုင်ပေရှီးလင်ညဈေး၏ တစ်နေရာ
လမ်းဘေးစားသောက်ဆိုင်မှ
သရေစာမုန့်အား ငေးမောနေသော ချစ်စဖွယ်ကောင်လေးတစ်ဦး
ထိုကောင်လေး၏ အသွင်အပြင်သည် ညစ်ပတ်နေသော်လည်း ချစ်စဖွယ်ကောင်းသည်

Xiao Zhan အသက် ၁၅ နှစ်တွင် Wang Yibo ဟု
ခေါ်သောကောင်လေးတစ်ဦးနှင့်စတင်သိကျွမ်းခဲ့လေသည်
ဒါသည် မေတ္တာတို့စတင်ရာ အကြောင်းပြချက်  တစ်ခုပင် . . .

အနှီကလေးငယ်သည် Xiao Zhan စတွေ့စအချိန် တွင် ပေတိပေစုတ်
လေးတစ်ယောက်ဆိုသည်ထက်မပို
အပွင့်လင်းဆုံးဝန်ခံရမည်ဆိုလျင် ရွှံ့တွေပေနေသော ပတ္တမြားတစ်တုံးနှင့်အသွင်တူသည်
မူလအဆင်းအင်္ဂါ သည် လူတိုင်းသဘောကျ နှစ်ချို က် ကြသည်
တန်ဖိုးကြီးသည်လှပသည် ထိုက်သောသူမှပိုင်ဆိုင်နိင်မည်
အနှီကလေးငယ်လေး
ထိုနည်းလည်းကောင်းပင်
Xiao Zhan  ဟူသောလူနှင့်သာထိုက်သည်

" မင်းငါနဲ့လိုက်နေမလား"

Xiao Zhan မေးလိုက်ချိန်တွင် မျက်လုံးအား ပေကလပ်ပေကလပ်လုပ်ကာကြည့်
နေသော ကောင်လေးကြောင့် သူ၏ရင်ဘတ်လောက်သာရှိသေးသည့်အရပ်ပိုင်ရှင်လေးမို့ ခါးလေးကိုင်းလိုက်ကာ  ဖောင်းနေသောပါးလေးအား ဖွဖွလေးကိုင်လိုက်လေသည်

" မင်းဒါစားချင်တာ လား "

ခေါင်းညိတ်ပြသော
ကလေးငယ်ကြောင့်
အသာပြုံးလိုက်မိလေသည် ပေါင်မုန့်ကြော်တစ်ခုအား ဝယ်ပေးပြီး ညစ်ပတ်နေသောကောင်လေး၏ လက်အားသန့်စင်စေကာ လက်ထဲထည့်ပေးလိုက်လေသည်

လက်ထဲမုန့်ရသည်နှင့်စကားပင်မပြောနိင် စားနေသောကလေးငယ်ကြောင့်
ခေါင်းလေးအားဖွဖွ လေးပုတ်ပေးကာ

" အရမ်းဗိုက်ဆာနေတာလား "

" ဟုတ် "

နောက်ဆုံးမှစကားစပြောလာသော
ကောင်လေးကြောင့်  လက်ကို အသာဆွဲသွားကာ လူရှင်းသောတစ်နေရာသို့ ခေါ်ဆောင်သွားလေတော့သည်

" မင်းနံမည်ဘယ်လိုခေါ်လဲ "

" Wang Yibo ပါ ကော "

My Dear (SS Collection) Where stories live. Discover now