အခန်းထဲပြန်ရောက်တော့Jinလေးဟာ
သူ့ရဲ့ခုန်နေတဲ့ရင်ဘတ်လေးကိုလက်နှင့်ဖိကာ
အံ့သြမှုတစ်သိန်းနှင့်....
သူ့လိုဘဲတံခါးရဲ့အပြင်ဘက်ခြမ်းမှာလည်း
တံခါးကိုမှီရင်းမျက်နှာပူနေတဲ့Namjoon
NamjoonPov-ငါ့ကိုမုန်းသွားရင်ဘယ်လိုလုပ်မလဲ
ဒုက္ခပါဘဲကွာ ဘယ်လိုလုပ်ရပါ့မလဲထို့နောက်Namjoonစိတ်ကိုအတတ်နိုင်ဆုံးလျှော့ချပီး တံခါးခေါက်လိုက်တော့
တော်တော်နဲ့မဖွင့်ပေး
တစ်အောင့်လောက်ကြာတော့မှ
တံခါးလာဖွင့်ပေးသည်
ကြည့်လိုက်တော့စောင်ကိုတစ်ကိုယ်လုံးလုံနေအောင်ခြုံထားပီး မျက်နှာမမြင်ရအောင် မာဖလာပတ်ထားသောကလေးပေါက်စNamjoonရီချင်စိတ်ကိုမနည်းထိန်းကာ
ခပ်တည်တည်ဝင်လာခဲ့သည်.
Seokjinကတော့သူဝင်လာကတည်းက စောင်ပတ်လျက်သားကြီး ရေချိူးခန်းထဲဝင်သွားတာကြောင့် Namjoonစောင့်နေမိသည်
သူ့ကြောင့်ကလေးကသူ့ကိုရှောင်နေတာဆိုတော့
ကျေနပ်တဲ့အထိတောင်းပန်ဖို့စဥ်းစားနေလိုက်သည်တစ်ဖက်ကSeokjinလေးမှာလည်း Namjoonထွက်သွားပီလားဆိုပီး
ချောင်းရတာအမော
သူထင်ထားသည်ကNamjoonလည်း
သူ့လိုမျက်နှာပူလို့အနှေးနဲ့အမြန်
အခန်းထဲကထွက်သွားမှာဘဲဆိုပီး
ရေချိူးခန်းထဲဝင်လာလိုက်မိတာ
အခုတော့အထင်နဲ့အမြင်တက်တက်စင်
အောင်လွဲလေပီ
သူထွက်သွားမယ်ထင်ထားသော
အမောင်Namjoonကထွက်မသွားသည့်အပြင် တံခါးရှေ့မှာမိန့်မိန့်ကြီးရပ်စောင့်နေပါရောလား
သေစမ်း Kim Seokjinရေ
ဟိုလူကြီးမထွက်မချင်းမင်းနေပေတော့
နောက်ဆုံးSeokjinလည်းမနေနိုင်တော့ဘဲ ရေချိူးခန်းထဲကဆောင့်အောင့်ပီးထွက်လာတော့သည်
နှုတ်ခမ်းကိုစူထော်ထားပီးစောင်ကိုမကာမကာထွက်လာရင်းနဲ့စောင်စကိုတက်နင်းမိပီးအရှေ့ကရပ်နေတဲ့Namjoonပေါ်ကိုမှောက်ရပ်လဲကျနေတော့သည်
"အွတ်"
"ဟာ ကလေး သတိထား"တိုင်ပင်ထားသည့်အတိုင်းNamjoonရဲ့နှုတ်ခမ်း
နဲ့Seokjinရဲ့နှုတ်ခမ်းကသစ္စာရှိစွာ
သွားကပ်လေတော့သည်
ပထမတော့Namjoonရော
Jinပါကြောင်နေသည်.
နောက်မှJinကရှူးရှူးရှဲရှဲနဲ့အတင်းရုန်းတော့မှNamjoonလည်းသတိပြန်ဝင်လာပီး
Jinရှေ့မှာချက်ချင်းဒူးထောက်လိုက်ကာ...
"လူကြီး ဒါကဘာလုပ်တာလဲ"
"ကိုယ်အနူးအညွတ်တောင်းပန်ပါတယ်
ခုနကကိစ္စရော လသာဆောင်မှာဖြစ်တဲ့ကိစ္စရောနှစ်ခုလုံးအတွက်တောင်းပန်ပါတယ်"
"ကောင်းပီလေ...အခုတော့ထပါ"
NamjoonကိုJinကဆွဲထူလိုက်ရင်း
"ကျွန်တော်လည်းလူကြီးကိုပြောစရာရှိတယ်"