Part -7

15.1K 1.4K 103
                                    

ကိုယ်ဝန်ဆောင် လေးရက်မြောက်နေ့ .....

ကျွန်တော့် Angel လေး အိပ်ရာထဲက မထနိုင်တဲ့
အဆင့်ထိကို ဖြစ်လာတယ်
ခြေထောက်လေးတွေ ရောင်ပြီး အိပ်ရာ ထဲက
စောင်ပုံထဲမှာ ဗိုက်ပူပူ လုံးလုံးလေး နဲ့
သူ့ရဲ့ယောင်နေတဲ့ ခြေထောက်ကလေးကို တော့
စောင်အပြင်ထွက်ထားတော့

ဘာလေးနဲ့တူမှန်းမသိ သူ့ ခြေထောက်ကချိန်း ကို
ခေတ်ထားတာက သူခြေထောက်ရောင်တဲ့
အခါ တင်းလို့ထင်ပါရဲ့ ခဏခဏ
ဖြုတ်ခိုင်းပြီး ဂျီကျနေတာ

ဒီနေ့တော့ Kelly ကိုယ်လည်း ရှင်းရမှာ မို့လို့
သူ့ကို ​နေ့ခင်း တရေး အိပ်ပျော်အောင် သိပ်နေတာကို
မအိပ်ပဲ မျက်လုံး ပြူကြောင်လေးနဲ့
တောင်ကြည့်လိုက်မြောက်ကြည့်လိုက်နဲ့
မအိပ်သေး........

"Angel အိပ်တော့လေ ကွာ လိမ်မာတယ် "

ကျွန်တော်ပြောတော့ ကျွန်တော် ကိုကြည့်ပြီး
သူ့ဘေးလှဲနေတဲ့ ကျွန်တော့်ဘက်ကိုစောင်းလာပြီး
ရင်ခွင်ထဲ ခေါင်းက တိုးလာရော.....

"ခဏနေ Daddy အပြင်သွားရမှာမို့လို့
ဦး David ကလာစောင့်ပေးလိမ့်မယ်နော် Angel
လေးက ကလေးလေးနဲ့အတူတူ လိမ်လိမ်မာမာ
နေခဲ့နော် "

ကျွန်တော် ပြောတော့ ရင်ခွင်ထဲကနေ မျက်နှာမဖော်ပဲ
ခေါင်းငြိမ့်ပြတယ်

ခဏလောက်ကြာတော့ Angel အိပ်ပျော်သွားရော
အဲ့ကျတော့မှ ကျွန်တော်လည်း အသည်းအသန်
Kelly ကို ရှာဖို့ထွက်လာလိုက်တယ်

အမြဲတမ်း Club မှာရှိတတ်တဲ့ မိန်းမမို့လို့
တွေ့နေကြ Club ကိုပဲလာခဲ့လိုက်တယ်

Club ရောက်တော့ထင်တဲ့အတိုင်းတွေ့တာပါ ပဲ
ကျွန်တော် သူ့အနား လျှောက်သွားလိုက်ပြီး

"Hi kelly "

"ohhh Hi lucas ရှင့်ရဲ့လက်တွဲဖော်လေးကော "

"အိမ်မှာလေ ပြသာနာနည်းနည်း ရှိလို့ထွက်လာတာ "

"အော် အဲ့တာဆို ဒီနေ့ တော့ကျွန်မနဲ့အတူ
နေလေ "

"ဒါပေါ့ ဒီနေ့ကို အမှတ်တရဖြစ်အောင်ကို လုပ်ပေးမှာ"

Kelly နားကို ကျွန်တော် ကပ်ပြီး ပြောလိုက်တော့
သူ့အတွေးနဲ့ သူပြုံးသွားတာကို ကျွန်တော်သတိထားမိလိုက်တယ်

Demon's Angel S-1 (U & Z) Where stories live. Discover now