𝒆𝒑𝒊𝒔𝒐𝒅𝒆1

93 11 1
                                    

ဒီနေ့ အိပ်ယာနှိုးတည်းက
ဂျီမင်၏စိတ်တွေကြည်လင်လန်းဆန်းနေသည်။
အရင်ကဆို ဟင်းရွက်တွေကိုလက်ဖျားနဲ့ပင်မတို့သောဂျီမင်က ယနေ့ကျထူးထူးဆန်းဆန်း
မေမေချက်ပေးထားသော ကင်ချီဟင်းရည်ကို ထမင်းနှစ်ပန်းကန်ဖြင့်အမောက်စားသည်။

ထို့ပြင် စားပြီးသားမိသားစုပန်းကန်တွေကိုလည်း
ကူဆေးပေးခဲ့သည်မို့ မေမေမှာအံ့သြနဘမ်းဖြင့် ဂျီမင်ကိုကြည့်နေသည်။ မေမေမပြောနဲ့ ဂျီမင်တောင်သူ့ဘာသူအံ့သြလို့မဆုံး။

မေမေပြင်ပေးသော သစ်သီးပန်းကန်ကို
ယူခဲ့ရင်း အိမ်စာလုပ်ရန် ဂျီမင်
သူ့အခန်းထဲကိုဝင်လာတော့
ခပ်သင်းသင်းအနံ့လေးတစ်ခုက သူ့နှာဝကို
လာပြီးကျီစယ်သည်။

ပြောပြရခက်သော ချိုအီအီလေးအနံ့ကို
ရသည်မှာ ဒီနေ့နဲ့ပါဆို သုံးရက်လောက်ရှိပြီထင်။ ထိုအနံ့က ညဆိုပိုပြင်းသည်ကိုဂျီမင်သတိထားမိသည်။ သူသုံးနေကျရေမွှေးနံ့လည်းမဟုတ်ပါဘဲ ဤကဲ့သို့မွှေးနေရခြင်းကထူးဆန်းပေမဲ့ ထိုအမွှေးနံ့ကတကယ်ပဲကောင်းတာမို့ သဘောကျမိသည်။ထိုမျှမက အမွှေးနံ့နှစ်ဆကဲသည့်မနေ့ညလိုညမျိုးဆို သူ့အိပ်မက်ထဲရောက်လာတတ်သောတစ်စုံတစ်ယောက်ကြောင့် ဂျီမင်၏ ဆယ့်ရှစ်နှစ်အရွယ်နှလုံးသားလေးမှာ တလှပ်လှပ်လေးခုန်နေတတ်ခဲ့ပြီ။

စာလုပ်ဖို့လာတာဖြစ်ပေမဲ့
မနေ့ညကအိပ်မက်အကြောင်းကိုပြန်တွေးမိသွားတော့ အိပ်ယာပေါ်ဗိုင်းခနဲလှဲချ နဖူးပေါ်လက်တင်လို့ မနေ့ညကမက်သောအိပ်မက်အကြောင်းကို ဂျီမင်ပြန်လည်ကာတွေးတောနေမိသည်။

သိပ်တော့မမှတ်မိဘူးဆိုပေမဲ့
အိပ်မက်ထဲတွင် ဂျီမင်က
တောင်ကုန်းလေးလို့ထင်ရသော
နေရာတွင်ရပ်နေခဲ့သည်။ဝတ်အိပ်ထားသော
ညအိပ်ဝတ်စုံအပြာရင့်ရောင်လေးဖြင့်။
ကောင်ကင်ကြီးကလည်း တိမ်တွေမရှိ။
လေတွေကလည်းတဖြူးဖြူးနဲ့ကိုတိုက်နေသည်။
မိုးရာသီမှပွင့်တတ်သောမိုးကြိုပန်းအဝါရောင်က
သူ့မျက်စိရှေ့တွင် ရူမဆုံး တပြင်ကြီးကို ပွင့်နေသည်။

ထိုနေရာတွင် ဂျီမင်အပြင်
တခြားသူတစ်ယောက်ပါရှိနေခဲ့သည်။
ဘေးချင်းယှဥ်ရပ်လျက်ရှိသောအနေအထား၌
ဂျီမင်ကထိုသူ့အားကြည့်ကာစကားတွေပြောနေခဲ့သည်။ထိုလူကပြန်ပြောလား မပြန်ပြောလားမသေချာပေမဲ့ သူကတော်တော်လေးကိုနူးနူးညံ့ညံ့ရှိမည့်ပုံ။ထိုလူက ဂျီမင်၏လက်ကောက်ဝတ်ကိုခပ်ဖွဖွလေးကိုင်ကာ အဝါရောင်ပန်းခင်ကြီးထဲပြေးနေသည်။ ယုတ္တိမရှိသော်ငြားလည်း လက်ကောက်ဝတ်မှ နွေးသောအထိအတွေ့ကို ဂျီမင်ခုထိရနေဆဲဖြစ်သည်။ ပျော်သည်။
ထိုလူ့မျက်နှာကိုမမှတ်မိပေမဲ့ ထိုလူနှင့်အတူရှိနေခဲ့သောအချိန်လေး၌ တစ်ကမ္ဘာလုံးရှိအပျော်အားလုံးကို အပိုင်ရလိုက်သလိုမျိူးကိုပျော်သည်။

You've reached the end of published parts.

⏰ Last updated: Oct 05, 2020 ⏰

Add this story to your Library to get notified about new parts!

         𝑫𝑹𝑬: 𝑨𝑴Where stories live. Discover now