Always You💚3

266 42 4
                                    

Fongက ကျောင်းစဖွင့်တဲ့တစ်ရက်ပဲ လာခေါ်သည် နောက်ရက်က စပြီး သူ့အိမ်က လိုက်ပို့တာကြောင့် Win တစ်ယောက်ထဲကျောင်းလာရသည်

"Nong Nong Nong"

"ဗျာ ကျွန်တော့်ကို ခေါ်တာလားမသိဘူး"
ဟု သူ့ကိုယ်သူ လက်ညိုးထိုး ပြန်မေးနေသည်

"ဒီနားမှာ Nong တစ်ယောက်ပဲ ရှိတာ Nong ကို ခေါ်တာပေါ့"

"ဟုတ်ကဲ့ ခင်ဗျ"
ဘယ်သူမှန်း မသိတာကြောင့် သေချာကြည့်မှ P'pem

"Nong Phi ကို မှတ်မိတယ်မို့လား Nong တို့ မိဘမဲ့ဂေဟာကို အစ်မတို့ လာလှူဖူးတယ်လေ"

"ဟုတ်ကဲ့ မှတ်မိတယ်ခင်ဗျ ကျွန်တော့်မျက်လုံးက ပါဝါတိုးလာတာထင်တယ် သေချာမမြင်ရလို့ Phi ကိုမနှုတ်ဆက်မိတာဗျ"

တကယ်တော့ Win ကျောင်းစဖွင့်တဲ့နေ့တွေ့ပြီးထဲက Pem ကို သတိမရတော့တာ အလုပ်ကမအားတာရော ရတဲ့အချိန်စာလုပ်ရတာကြောင့်
အားတဲ့အချိန်လဲ Pem ကို သတိမရပါ

"ကျောင်းဖွင့်တာ တစ်ပတ်တောင်ကျော်ပြီနော် Nong စာတွေ လိုက်နိုင်ရဲ့လား"

"ဟုတ်ကဲ့ လိုက်နိုင်ပါတယ် Phi"

"ရော့ Nong အတွက်"

"ဗျာ ဟုတ် ကျေးဇူးတင်ပါတယ်Phi"

လက်ထဲရောက်လာတဲ့အပြာရောင်ပဲနို့ဗူးလေးကိုအားနာနာနဲ့ယူထားလိုက်မိသည် သူအထက်တန်းတုန်းက နေ့တိုင်းပဲနို့သောက်ခဲ့တာကို သိနေတယ်ထင်တယ်
ဒါပေမယ့် သူမှ ပဲနို့ မကြိုက်တော့တာ
Winက ပစ္စည်းတစ်ခုကို ကြာကြာသုံးပြီးရင် ရိုးသွားတတ်တဲ့အကျင့်ရှိတယ်

"Nongက ပဲနို့ မ​ကြိုက်လို့လား မှတ်မှတ်ရရ အဲ့နေ့က ပဲနို့၃ဗူးလောက်သောက်လိုက်လို့ မားသားရိုက်တာ ခံလိုက်ရတယ် မို့လား"

"ဟုတ်ကဲ့ဗျPhi"

Win ဒီအခြေအနေကြီးကို မကြိုက်ပါ အစ်မPemကို သေမလောက်သဘောကျခဲ့ပေမယ့် အခုတော့ နှစ်​ယောက်အတူစကားပြော​နေရတာကိုပင်သဘောမကျပါ ဘာကြောင့်မှန်းလဲ မသိပါ ဒါ့ကြောင့်....

"Phi ကျွန်တော် သွားတော့မယ်နော် Fongတို့စောင့်နေလောက်ပြီ"

Winတို့နှစ်ယောက် စကား ပြော​နေတာကိုကျောင်းကော်ရစ်တာကနေ လှမ်းကြည့်နေတဲ့ Brightကို Pem မြင်တော့

You've reached the end of published parts.

⏰ Last updated: Aug 24, 2024 ⏰

Add this story to your Library to get notified about new parts!

Always You💚Where stories live. Discover now