ပန်းနု နှင့် မေသဇင်တို့သည် အချစ်ဆုံး
ငယ်သူငယ်ချင်းများဖြစ်ကြသည်။ငယ်ငယ်
ကတည်းက ကျောင်းလည်းတူ၊အတန်းလည်း
တူ၊ကျူရှင်လည်းတူ၊အသင်းလည်းတူသည်။
တစ်ယောက်အကြောင်းဆိုလည်း တစ်
ယောက်နားလည်သည်။နှစ်ယောက်လုံးဆယ်
တန်းဖြေပြီးတော့ ပန်းနုက သူ့မိသားစု
ငွေကြေးရေးအဆင်မပြေတာနဲ့ တရုတ်ပြည်
တွင်အလုပ်ထွက်လုပ်သည်။ကျောင်းလည်း
ဆက်မတက်ရ။မိသားစုအဆင်ပြေမှကျောင်း
ဆက်တက်မည်ဟုစီစဉ်ထားသည်။ထိုနေရာ
တင်တစ်ယောက်နှင့်တစ်ယောက်ဝေးသွားကြ
သည်။အဆက်အသွယ်လည်းမရတော့တာ
ပေါ့။3နှစ်ကြာသော်........................................
"ဟူး...မန်းလေးတောင်မရောက်ဖြစ်
တာ3နှစ်တောင်ရှိသွားပြီ တရုတ်ပြည်မှာ
အလုပ်လုပ်ရတာဆိုတော့ မန်းလေးလည်း
ဘယ်လောက်တောင်တိုးတက်ပြောင်းလဲနေမ
လဲနော်" ဟု့လာကြိုသောသူ့အကိုကိုလှမ်း
ပြောလိုက်သည်။
"အေးပြောင်းလဲမလဲငါ
နင့်ကိုနောက်မှအေးဆေး တစ်မြို့လုံးပတ်ပြ
မယ် လောလောဆယ်တော့နင်ကကျောင်း
တက်ဖို့လာတာဆိုတော့ အဆောင်အရင်ရှာ
မယ် "
"အေးပါဟ ကိုကြီးကလည်း စိတ်မ
ရှည်လိုက်တာ ဟွန့်" ပန်းနုသည်ခပ်ကြမ်း
ကြမ်းမိန်းမဖြစ်သော်လည်းသူ့အကိုပေါ်မှာဆို
ရင်ချွဲလွန်းသည်။
"ကဲ ပန်းနု အဆောင်တော့
ရှာတွေ့ပြီဆိုတော့ စာကြိုးစားဖို့ပဲကျန်တော့
တယ် ရည်းစားတွေဘာတွေ လည်းမထားနဲ့
အုံးနော် ငါတို့ယောက်ကျားတွေရဲ့အကြောင်း
ငါအသိဆုံး ကြားလား "
"အေးပါ အဖေရယ်
စိတ်လည်းမ၀င်စားပါဘူးနော် လူကိုဘာမှတ်"
"အေးအဲ့ဆိုလည်းပြီးတာပါပဲ တစ်ခုခုလိုရင်
ငါ့ကိုဖုန်းဆက် ငါပြန်ပြီ" "အေးပါအေးပါ
မြန်မြန်ကြွ "
continue............part-2😘
✌️✌️ဇာတ်ရှိန်ကကောင်းလာတော့မှာမို့လိုဆက်ပြီးဖတ်ပေးကြနော်☺️ကြိုက်ရင်followလုပ်ပေးဖို့လည်းမမေ့နဲ့အုံး
YOU ARE READING
အချစ်ကံဆိုးသူ
Randomဒီဇာတ်လမ်းလေးကတော့ အရမ်းချစ်ကြတဲ့ငယ်သူငယ်ချင်းနှစ်ယောက် စည်းတွေကျော်သွားခဲ့ကြပြီး ပတ်၀န်းကျင်ရဲ့အခက်အခဲတွေဘယ်လိုရင်ဆိုင်သွားကြမလဲဆိုတာပဲ ဖြစ်ပါတယ်။ 18+ လေးတွေလည်းပါဝာာမို့လို့ 18နှစ်ပြည့်မှဖတ်ကြပါနော်☺️☺️