Jin လည်းရုတ်တရက်အနမ်းခံလိုက်ရတော့ကြောင်အစွာထိုင်နေမိတယ်နောက်မှသူလည်းJiminကြည့်နေတာသတိထားမိမှTaehyungကိုတွန်းလိုက်ပီးထွက်ပြေးသွားလေရဲ့
ဘေးကလူတွေအများကြီးကလည်းသူ့ကိုကြည့်နေတာကြောင့်သူအတော်လည်းရှက်သွားလေးကိုရှက်သွားတယ်
JiminကJinနောက်ကိုပြေးလိုက်သွားတယ်
ကျန်တဲ့Tae hyungကလည်းသူ့ကိုသူဘာလုပ်လို့လုပ်မိမှန်းမသိ
Jinကသူ့အမြင်တွင်အရမ်းချစ်ဖို့ကောင်းနေတာပဲသူသိတယ်
သူcanteenထဲစရောက်လာကတည်းကသူ့ကိုရန်တွေ့မျက်စောင်းထိုးနေတာကိုအူးယားနေခဲ့တာမနေနိုင်တဲ့အဆုံးသူJinကိုဆွဲနမ်းလိုက်တယ်
ပြီးတော့Jungkookကိုကြည့်လိုက်တော့Jungkookကဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်
Jungkookကဘာလို့အဲ့ဒီလိုကြည့်လဲJungkookလဲJinကိုကြိုက်နေတာလား arnyiသူထင်သလိုမဖြစ်ပါစေနဲ့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ပြိုင်မလုနိုင်ဘူး
"Tae hyungမင်းဘယ်လိုလုပ်လိုက်တာလဲသူကဒီနေ့မှကျောင်းစတက်တဲ့လူပီးတော့လူတွေအများကြီးဝိုင်းကြည့်နေတာသူဘယ်လောက်ရှက်သွားဆိုတာမင်းမသိဘူးလား.....ဟမ်"
Jungkookပြောမှသူသတိပြန်ဝင်လာပီးSeok Jin နောက်ကိုပြေးလိုက်သွားတယ်
ကျန်တဲ့Jungkookကတော့ဒေါသတွေရောဝမ်နည်းမှုတွေနဲ့ပါကျန်ခဲ့လေရဲ့
အမှန်တိုင်းပြောရရင်ကျောင်းရောက်ကတည်းထိုကောင်းလေးTae hyungကိုရန်ပြန်လုပ်ကတည်းကသူထိုကောင်းလေးကိုစိတ်ဝင်စားမိသည်
အခုTae hyungကထိုကောင်းလေးကိုနမ်းလိုက်တော့ထိုကောင်းလေးTae hyungအပေါ်စိတ်ယိုင်သွားမှာစိုးရိမ်မိသည်
.
.
.
Seok Jin's side"ဒီကောင်သက်သက်မဲ့ငါကိုအရှက်ခွဲတာ ဟင့်"
"စိတ်လျှော့ပါမင်းကလည်းသူလည်းတမင်ရည်ရွယ်တာဟုတ်ချင်မှဟုတ်ချင်မှဟုတ်မှာပါ"
"မင်းကိုငါပြောပြမယ်သူကိုဘာမှမလုပ်ပါနဲ့သူအစားငါ့ကိုထိုးချင်ထိုးရိုက်ချင်ရိုက်ပါ"
"မင်းကဒီကောင်ကိုကာကွယ်နေတာလား"
"မဟုတ်ပါဘူး နှစ်ဦးနှစ်ဖက်လုံးကိုမနစ်နာစေချင်လို့ပါ"
"အေး အခုမင်းငါ့ကိုပြောပေးလို့ဒီကောင်ပိုဘာမှမလုပ်တော့တာ"
"အေးပါကွာ"
"ဒါပေမဲ့ဒီကောင်အသည်းကွဲအောင်ငါလုပ်ပြမယ်"
"အေးပါအသည်းကွဲရုံလောက်ဆိုဘာမှမပြောလိုပါဘူး
ဒါပေမဲ့အရမ်းကြီးတော့မလုပ်ပါနဲ့"
ထိုအချိန်Tae hyungရောက်လာတော့Jinမျက်ရေတွေကိုသုတ်ကာခပ်တည်တည်ရပ်နေလိုက်တယ်
Tae hyungကသူ့လက်ကလေးကိုကိုင်ကာ"ငါတောင်းပန်ပါတယ်တမင်ရည်ရွယ်ပီးလုပ်လိုက်တာမဟုတ်ပါဘူး
မင်းမကျေနပ်ရင်ငါ့ကိုကြိုက်တဲ့အပြစ်ပေးလို့ရတယ်
မင်းပေးတဲ့အပြစ်ကိုငါခံပါ့မယ်"
"အေးအဲ့ဒါဆိုမင်းမနက်ဖြန်မင်းကျောင်းမှာရှိတဲ့ကောင်မလေးတိုင်းကိုနှင်းဆီပန်းတစ်ပွင့်ဆီလိုက်ပေးရမယ် လူတိုင်းကမင်းပေးတဲ့နှင်းဆီပန်းကိုလက်ခံရင်မင်းကိုငါခွင့်လွှတ်မယ်"
"ဒါလေးများKim Tae Hyungတို့ကအေးဆေးပဲ"
"အမယ်လေးကိုယ့်ကိုကိုယ်သိပ်အထင်မကြီးနဲ့မင်းပေးတာကိုလက်မခံမဲ့မိန်းကလေးတွေရှိနေရင်မင်းကိုငါနောက်တစ်ခုခိုင်းမှာနော်"
"အေးပါအဲ့ဒါဆိုမနက်ဖြန်ဘယ်အချိန်စမလဲ"
"မနက်မင်းကျောင်းရောက်တာနဲ့စလို့ရပီ"
"ဒါပေမဲ့မင်းနှင်းဆီပန်း၁၀၀၀ကုန်အောင်ပေးရမယ်"
"Okလေ"To be continue
I love you all💜💜