( Unicode )
အသက် 21 နှစ် အရွယ်...
“ Chanyeollie ရေ...
ကျောင်းနောက်ကျတော့မယ်...
သွားရအောင်...”ဟု အော်ပြောကာ လှေကားကို
တစ်ဒုန်းဒုန်းနှင့် ပြေးတက်သွားပြီး
သူ့အခန်းဆီသို့ သွားလိုက်သည်....
အခန်းတံခါးကို ဖွင့်လိုက်တော့
ကိုယ်တော်ချောက
ကျောင်း Uniform ကုတ်အင်္ကျီကို
ဝတ်နေလေသည်...“ ဟျောင့်... မျက်ခုံးမွှေးနှုတ်နေလို့
အဲ့လောက် ကြာနေတာလား...”ဟု မေးလိုက်တော့ ရယ်ပြကာ
“ ပြီးပါပြီကွာ...အိပ်ရာထ
နည်းနည်းလေး နောက်ကျသွားလို့ပါ....”“ ပြောလိုက်ရင် အမြဲတမ်း
ဒီအတိုင်းချည်းပဲ...
မင်းအရင်နိုးပြီး ငါ့ကို
လာခေါ်ရတယ်ဆိုတာ
တစ်ခါမှမရှိဖူးဘူး...သူ့ကိုချည်းပဲ
လာခေါ်နေရတယ်...”“ မင်းက အရင်ပြီးတာကိုး....”
“ မင်းကိုလည်း အချိန်မီပြီးအောင်
ငါနိုးကတည်းက ဖုန်းဆက်ပြီး
လှမ်းနှိုးတယ်လေ... ကိုယ့်ဘာ့သာ
အပျင်းတစ်ပြီး ပြန်အိပ်တာကိုး...”“ ဒါကတော့ကွာ...”
“ ပြောလိုက်ပါဦး...
ညက အိပ်ရေးမဝလို့...
ခဏလေး ပြန်မှေးလိုက်တာ
ပြန်အိပ်ပျော်သွားတာလို့...ဟျောင့် မင်းပြောလွန်းလို့
ငါမင်းစကားတွေဆို
အလွတ်နည်းပါးတောင် ရနေပြီ...
အနွေးထည်ဝတ်... ပဲမများနဲ့...
ရာသီဥတုက အေးနေတယ်....”ဟု ရန်ဖြစ်ရင်း အနွေးထည်ဝတ်ရန်လည်း
ပြောရသေးသည်...ကျွန်တော်ပြောသည်ကို
ခေါင်းညိတ်ပြရင်း အနွေးထည်ဝတ်လိုက်ကာ“ ငါ့ရဲ့ တော်ကီတွေကို
အလွတ်ကျက်နေတယ်ပေါ့...”ဟု ပြောလာပြန်သည်...
“ မင်းဟာက ကျက်စရာတောင်မလိုဘူး...
နေ့တိုင်းနီးပါး ဒီလိုပဲ ပြောနေတာ...
နားထဲမှာ အော်တိုမစ်တစ်ကို စွဲနေတာ...”ဟု ပြောလိုက်တော့ သူကရယ်ကာ
ကျွန်တော့ ပုခုံးကိုဖက်ပြီး“ အေးပါကွာ...အေးပါ..
ငါမှားပါတယ်...နောက်ရက်ကျရင်
စောစောထပါ့မယ်...”