1

1.1K 137 50
                                    

(Unicode ver)

" ကြိုဆိုပါတယ်ရှင့် "

တံခါးပေါက်မှာ ချိတ်ထားတဲ့ငွေ ခေါင်းလောင်းလေးဆီက အသံကြောင့် ဆိုင်ထဲကို ဧည့်သည်ဝင်လာတယ်အမှတ်နှင့် ကောင်တာက မိန်းကလေးက ချက်ချင်းလှမ်းနှုတ်ဆက်လိုက်တယ်။

ယူဂျင်းကတော့ အနီရောင် milk cottonကိုကိုင်ထားပြီး ထိုးလက်စ muffler အပေါ်မှာပဲ ဆက်အာရုံစိုက်ထားတယ်။

ကော်ဖီဆိုင်ဆိုပေမယ့် ရပ်ကွက်ကလူအရောက်နည်းတဲ့ရပ်ကွက်ဖြစ်တာကြောင့်ရယ် ၊ ယူဂျင်းကလဲ ဆိုင်ထပ်ဌားနေရမှာ ပိုက်ဆံအပိုကုန်တယ်ဆိုပြီး အိမ်မှာပဲ တွဲဖွင့်ဖြစ်သွားခဲ့တာ အခုဆို သက်တမ်းက နှစ်နှစ်တောင်ကျော်ရောပေါ့။

စီးပွားရေးအခြေအနေက ဆိုးလွန်းတယ်လဲမဟုတ်သလို ကောင်းတယ်လို့လဲ မဆိုလိုဘူး။

ဆိုင်ထဲမှာ Urban Zakapa ရဲ့ သီချင်းတွေကို အေးအေးငြိမ့်ငြိမ့်လေးဖွင့်ထားလျက်ရှိတယ်။

Jeans pant အပြာနဲ့ အဖြူရောင် T-shirtခပ်ပွပွကိုဝတ်ထားတဲ့ကောင်လေးက သူ့လက်ထဲက ထီးအနီကိုတံခါးဘေးမှာ အသင့်ရှိတဲ့ ပုံးထဲကိုထည့်လိုက်ပြီး ကောင်တာကိုလျှောက်လာတော့

" ဘာအလိုရှိပါသလဲရှင့် "

" အာ~ ကျွန်တော်က ဒီမှာ အချိန်ပိုင်းအလုပ်သမားလိုတယ်ဆိုလို့ အလုပ်လာလျှောက်တာပါ "

" ဟုတ်ကဲ့ အချိန်ပိုင်းအလုပ်အတွက်လား.... ဟိုးက ဘယ်ဖက်ထောင့်က အနီရောင်ဆွယ်တာအကျ်ီနဲ့ထိုင်နေတဲ့မိန်းကလေးက
သူ​ဌေးပါ အဲ့ဖက်ကိုသွားလိုက်ပါ "

" ကျေးဇူးတင်ပါတယ် "

ကောင်တာက မိန်းကလေးညွှန်ပြတဲ့အတိုင်းသွားနေရင်း သူ့ခြေထောက်နားကို အလုံးတစ်လုံးလိမ့်လာတာကိုမြင်တော့ ကောက်ယူလိုက်ပြီး ဒီအနီရောင်ကြိုးတွေရဲ့ပိုင်ရှင်ဆီအရင်ရောက်အောင်ပေးဖို့ တွေးလိုက်မိတယ်။

" ဒီမှာ "

သူ့ရဲ့ခေါ်သံကြောင့် သိုးမွေးထိုးတာကိုပဲအာရုံစိုက်နေတဲ့ ယူဂျင်းက မော့ကြည့်လိုက်မိတယ်။

သူမရှေ့ရောက်နေတာ ဆယ်လီများလား ချောလိုက်တာ....

" ဒီ ဟာလေး "

Sweetest Things,Hello✔ (Love Contest)Where stories live. Discover now