2

468 132 87
                                    


Note:အောက်မှာရေးရင် မဖတ်ပဲကျော်သွားမှာစိုးလို့ပါ မပြီးသေးပါဘူး တစ်ပိုင်းကျန်ပါသေးတယ် ။

Meow,the secret boy dramaကြည့်ဖူးရင်
ဂျယ်ဆန်းရဲ့ကော်ဖီဆိုင်ကိုတော့ သိ​ေလာက်မှာပါ အခု ယူဂျင်းရဲ့ကော်ဖီဆိုင်ကလဲ အဲ့လိုမျိုးပါပဲ ။

Mediaမှာ ပြထားတဲ့အတိုင်းတစ်ပုံစံထဲတော့မဟုတ်ပေမယ့် အဲ့လိုမျိုးလေးနဲ့ဆင်တူပါတယ် ။

အရင်ဆုံးဖတ်ကြည့်ပါ သဘောကျရင် voteပေးပါ cmtရေးဖို့အတွက် ထိုက်တန်ရင် cmtပါ ဝင်ရေးခဲ့ပေးပါ ။ ပြိုင်ပွဲဝင်ထားတာ ဖြစ်တဲ့အတွက်ပါ။

စာရေးသူလဲ တစ်ထိုင်ထဲ စာလုံးရေအများကြီးကို typingလုပ်လိုက်ရလို့ မျော့နေပါပြီ ။
သဘောကျမကျတော့ မသိဘူးရှင့် စာဖတ်သူတို့သဘောပါနော် 💕

(Unicode ver)

" မိုးက ပိုသည်းလာတယ်နော် "

မှန်ပြတင်းကနေတစ်ဆင့် အပြင်ကိုသူလှမ်းကြည့်လိုက်တော့ မိုးတအားသည်းတဲ့အပြင်
လေတွေပါ,ပါလာတာကိုတွေ့လိုက်ရတယ် ။

" ဟုတ်ပါ့ရဲ့ "

အပြင်မှာစိုက်ထားတဲ့ ယူဂျင်းရဲ့အပင်တွေကတော့ လေတအားပြင်းလို့ အမြစ်တွေပါလန်ကုန်ပြီလားတောင် မှတ်ရတယ်။

အစောပိုင်းက ယူဂျင်းကိုဆောင်းပေးတဲ့ထီးကြောင့် ထယ်ဟွန်းရဲ့ပခုံးက စိုရွှဲသွားတာမလို့
သူ့အပေါ်ထပ်ကိုချွတ်ပြီး ခါးမှာချည်ထားခဲ့တယ်။

အမည်းရောင်တီရှပ်လက်တိုနဲ့ ရိုးရိုးရှင်းရှင်းပဲမြင်နေရတဲ့ကောင်လေးရဲ့ ကော်ဖီကိုသေချာလေး စိတ်ရှည်လက်ရှည်စစ်ထုတ်ပေးနေတဲ့ပုံစံက အတော်လေး ကြည့်ကောင်းတာအမှန်ပဲ။

နှပ်ထားတဲ့ကော်ဖီကိုစစ်ပြီးတာနဲ့ ယူဂျင်းအတွက် အရင်ခွက်ထဲထည့်ပြီး စားပွဲပေါ်ချပေးလိုက်တယ်။

တကယ်တမ်း ကော်ဖီကို ယူဂျင်းကဖျော်တိုက်ရမှာဆိုပေမယ့် ဒီနေ့က အမှန်ဆို သူပထမဆုံးအလုပ်ဆင်းရတဲ့ရက်ဖြစ်တာကြောင့် သူကပဲ ယူဂျင်းကို ဖျော်တိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကော်ဖီဖိုးကတော့ အလကားပေါ့ ။

" အရသာရှိရှိ သောက်ပါ "

Sweetest Things,Hello✔ (Love Contest)Where stories live. Discover now