Unicode
မနက်ဖြန်မင့်မွေးနေ့ Suprise eventတစ်ခုခုလုပ်ချင်ပေမယ့်လည်း အရေးကြီးတဲ့ interviewတစ်ခုကရှိနေလေသည်။
မင်ကလည်း companyအသစ်တိုးချဲ့ဖို့ကိစ္စနဲ့ဒီရက်ပိုင်းမအားလို့မတွေ့ရတာတောင်၂ရက်လောက်ရှိရောပေါ့။
ဒီနေ့shootingသွားမယ်အပြန်မင့်အတွက်လက်ဆောင်ဝယ်မယ်ညတော့မင့်စီသွားအိပ်မယ်ပေါ့။မေမေ့ကိုလည်းပြောပြီးလို့မေမေကလည်းလက်ဆောင်ဝယ်ပေးဦးမယ်တဲ့။
မင်နဲ့ကတက္ကသိုလ်တက်မှစတွေ့တာဆိုပေမယ့်အမေ၂ယောက်ကငယ်ငယ်ထဲကသူငယ်ချင်းတွေပင်။မင့်အဖေနဲ့အမေကကွဲနေပြီးမင်ကသူ့အဖေရှိတဲ့ပြင်သစ်ကိုလိုက်သွားပြီးကျောင်းတက်ရင်းမင့်အဖေနောက်အိမ်ထောင်ပြုသွားတော့မှတက္ကသိုလ်တက်ဖို့ကျသူ့အမေနဲ့နေတော့မယ်ဆိုပြီးပြန်လာခဲ့တာ။မားနဲ့မေမေက ဖေဖေဆုံးသွားပြီးတော့တူတူနေကြထဲကမားကမင်ကဘယ်လိုတော်ကြောင်း၊ ဘယ်လိုတွေကြည့်လို့ကောင်းကြောင်းအမြဲပြောနေကြ။တစ်ခါတစ်လေလည်းမားကမင့်ကိုသတိရလို့ဆိုပြီးငိုတတ်သေးတာ။အဲ့တုန်းထဲကကျွန်တော့မှာအမေ၂ယောက်ရှိသလိုပင်မားကိုလည်းသနားပြီးချစ်ခဲ့ရတာပေါ့။
မင်ပြင်သစ်ကပြန်လာစကစတိုင်ခပ်မိုက်မိုက်နဲ့ပဲတအားများလွန်း၍ကျွန်တော်ကြည့်မရခဲ့ပေ။ဒါပေမယ့်ရေစက်ရယ်ပါလာတော့မင်ကကျွန်တော့်ကိုမြင်မြင်ချင်းသဘောကျခဲ့သည်တဲ့။ကျွန်တော်ကယွန်းဂီဟျောင်းကိုအထက်တန်းကျောင်းတုန်းကcrushခဲ့ပြီးကျောင်းပြီးတော့ဟျောင်းကနိုင်ငံခြားထွက်သွားလို့အသည်းတွေကွဲနေတဲ့အချိန်တွေပေါ့။မင်ပြန်လာတော့မားကကျွန်တော်တို့နဲ့မနေတော့ပဲသူ့အရင်အိမ်မှာပဲပြန်နေသည်။မင်နဲ့ကတော့ကျောင်းတက်တဲ့တစ်လျှောက်လုံးကျွန်တော့်နဲ့အတူသွားအတူလာပေါ့။မေမေကလည်းမင်နဲ့ဆိုစိတ်ချသည်ဆိုပြီးကားတောင်မဝယ်ပေးချေ။မင်ကကျွန်တော့်အတွက်သူငယ်ချင်းလိုအစ်ကိုလိုအဖေတစ်ယောက်လိုအားကိုးရသူမျိုးလည်းဖြစ်သည်။စစချင်းကတော့ဒီတိုင်းလူကြီးအချင်းချင်းရင်းနှီးနေတာကြောင့် ကျွန်တော့်ကိုသဘောကြသည်ဖြစ်မည်လို့ထင်ပေမယ့်မင့်ရဲ့အပြုအမူတွေကတစ်ဆင့်မင်ကျွန်တော့်ကိုဘယ်လောက်တန်ဖိုးထားပေးကြောင်းသိခွင့်ရခဲ့သည်။ကျွန်တော်တို့ကတက္ကသိုလ်ဒုတိယနှစ်မှာချစ်သူတွေစဖြစ်ကြပြီးကျောင်းပြီးတော့အိမ်ကိုဖွင့်ပြောခဲ့သည်။မေမေတို့ကရိပ်မိနေကြောင်းအရင်ထဲကသဘောတူထားကြောင်းပြောလာတော့အံ့သြခဲ့ကြရသေးတာ။တကယ်ကိုမင်ကကျွန်တော့်အတွက်တန်ဖိုးအကြီးမားဆုံးလက်ဆောင်လေးပါပင်။
YOU ARE READING
Relationship
RomanceWhen you actually fall in love with one person, When the one you choose become the most important thing for you The best relationship means us💞 Park Jimin and Kim Taehyung (Vmin)