part-33( တိတ်တဆိတ်ငိုကြွေးတတ်တဲ့ကောင်လေး)( တိတ်တဆိတ်ငိုကြွေးတတ်တဲ့ကောင်လေး)

2.3K 225 15
                                    

ဆေးရုံအပေါက်ဝကိုခြေလှမ်းပြီးမှပြန်ရင်ကောင်းမလားသူတွေးလိုက်မိသေးသည်
ဒီလူတွေပြောသမျှသူဘယ်လိုယုံရမလဲ?

Yar: ကိုကိုးလာတယ်

Xz:အင်း

Yar:ပါးတော့အရမ်းပျော်သွားတော့မှာပဲ လာအထဲဝင်ရအောင်လေ

အရင်ကလိုသူ့လက်ကိုမှီတွဲဖို့လုပ်လာတဲ့မိန်းမငယ်လေးကိုသူရှောင်လိုက်မိ၏
ဒါပေမယ့် သူ့အပြုမူကို သတိတောင်မထားမိတဲ့ယာယာကရှေ့ကနေအရင်ထွက်သွားတာကြောင့်သူလဲနောက်ကပဲလိုက်သွားတော့တယ်...

ပါးကအရမ်းအခြေအနေဆိုးတာမျိုးမဟုတ်ပေမယ့်ဆေးနဲ့မပြတ်ကူနေရတဲ့နှလုံးနဲ့ပတ်သတ်တဲ့ရောဂါလို့သိရတယ်

Pa;ယာယာ....

ပါးကပြောတော့ယာယာကအလိုက်တသိထွက်သွားတာမို့ သူနဲ့ ပါးသာကျန်ခဲ့တယ်
ဒါပေမယ့် ဘာစကားမှမပြောပဲ အကြာကြီးကြာသွားတယ်

Pa:အဆင်ပြေရဲ့လား

Xz:မပြေဘူး

သု့အဖြေကိုပါးကယဲ့ယဲ့လေးပြုံးတယ်

Pa: စိတ်ဆိုးနေတဲ့အချိန်ကျ မင်းအမေနဲ့မတူတော့ပဲ ခွေးသူတောင်းစားနဲ့သွားတူတယ်..

ပါးစကားကြောင့်သူခေါင်းမော့ကြည့်မိသည်

Xz:ကျွန်တော့်မိဘအရင်းတွေနဲ့သိနေတာလား

Pa: မင်းအမေနဲ့ပါးနဲ့ကငယ်သူငယ်ချင်းတွေ..
မင်းအမေက အမြဲစိတ်ကြည်လင်နေတဲ့မိန်းခလေးလို့ပြောလို့ရတယ် စိတ်တိုတယ်ဆိုတာမရှိသလောက်ရှားတယ် ပြုံးလိုက်ရင်အရမ်းနူးညံ့တဲ့မိန်းမ ကျက်သရေရှိတဲ့မိန်းမပေါ့

Xz:... . ..

Pa: ယုံမလားတော့မသိပေမယ့် မင်းအမေနဲ့ပါးနဲ့ကအကြာကြီးတွဲခဲ့တာ....
ဟုတ်ပြီ မယုံနိုင်တဲ့အကြည့်နဲ့မကြည့်နဲ့ ပါးလဲငယ်ငယ်ကအရမ်းချောခဲ့တာပဲ

ပါးကစိတ်ကြည်နေပုံရတယ်
စကားပြောနေတာကိုရယ်ရယ်မောမောနဲ့

Pa: ဒုစရိုက်လုပ်ငန်းလုပ်တဲ့ paကိုမင်းအမေကမရွေးချယ်ခဲ့ဘူး အဲ့ဒီအစား ဘာလုပ်လုပ်ရုပ်တည်ကြီးနဲ့စကားနည်းတဲ့မင်းအဖေကိုပဲရွေးသွားတယ်

WORDS🍀💚(complete)Where stories live. Discover now