Fuck That Night (Unicode)

43.1K 1K 118
                                    


(၁)

ဒီနေ့အတွက်လမ်းခွဲချင်တာ သူမရဲ့မွဲနေသော ကံတရားဖြစ်ပြီး တကယ်တမ်းကွဲသွားတာက သူမရဲ့ချစ်သောဘဲလေးနှင့်ဖြစ်နေသည်။ ဒါကြောင့် အလုပ်စားပွဲပေါ်မှာရှိနေတဲ့ စာအုပ်တွေကို ကယ်လီတစ်ယောက် နှစ်နှစ်ကာကာဆဲသည်။ ကော်ဖီပန်းကန်လုံးတွေကိုဆက်လက်ဆဲဆိုသည်။ ဆိုဖာတွေကိုဆဲသည်။ ပြတင်းပေါက်တွေကိုဘာလို့များ လေးထောင့်ဖြစ်နေရသလဲလို့ ဆဲရေးတိုင်းတွာပြီးစီးတဲ့အခါ တံခါးပေါက်ဘက်လှည့်ဆဲမယ်ရှိသေး သူမရဲ့အတွင်းရေးမှူးဖြစ်သူဝင်လာသည်။

" ဒီညအတွက် Client ဖိုင်တွေကြည့်ဖို့အစီအစဉ်မရှိသေးဘူးလား ဘောစ်!? အစီအစဉ်မရှိရင်လည်း ကျွန်မတစ်ခါထဲအကုန်ဖျက်သိမ်းလိုက်တော့မယ်။ အကုန်လုံးက Triple V level လောက်ရှိတဲ့ Client တွေဆိုတော့ မသကာကုမ္ပဏီနာမည်ပျက်ပြီး စရံငွေတွေရှုံး၊ဒေဝါလီခံရုံပါပဲ… "

အဆက်မပြတ်ထိုးနှက်လာတဲ့ အတွင်းရေးမှူးမရဲ့ စကားလုံးတွေမှာ ကယ်လီတစ်ယောက် ပြူးပြာယာသွားသည်။ မပြူးလို့လည်းမရ၊ ဘဲကွဲမ,ဖြစ်တဲ့အပြင် ငမွဲမ,ပါဖြစ်မည့်အရေးမဟုတ်လား။

" ဟဲ့ ဟဲ့ နေပါဦး ငါ ကြည့်ပါမယ်ဟယ်… နင်ကလည်းစိတ်ကြီးပဲ "

ခုနလေးမှ ပက်ပက်စက်စက်ဆဲထားတဲ့ဖိုင်တွဲများဟာ ကယ်လီတစ်ယောက် မြိုဖို့ဆို့ဖို့စရံတွေပုံပေးထားသော Client ရဲ့အချက်အလက်များဖြစ်နေတော့ ဖွဖွယွယွကိုင်ကာမျက်နှာလုပ်ရသည်။ တနေ့နေ့တော့ ရုပ်ရှင်ကားတွေမှာပါနေကြ သူဌေးကြီးတွေလို စားပွဲပေါ်က စာရွက်ပေါင်းသောင်းခြောက်ထောင်ကို ဝေါခနဲ ဝုန်းခနဲလွင့်စင်သွားအောင်လုပ်နိုင်ရမယ်လို့ ပန်းတိုင်ကောက်ထားမိသည်။

ကယ်လီတို့ကုမ္ပဏီဟာ လူကြားကောင်းအောင်တင်ပြရရင် အောင်သွယ်တော်ပေါ့။ ပထမတော့ရင်ချင်းသွယ်တာပဲ နောက်တော့ဖင်ချင်းသွယ်တာဖြစ်လာသည်။ ကယ်လီတို့မိသားစုဟာဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေတော်တော်များများကို လက်ဝါကြီးအုပ်ထားတာကြောင့် ဒီအလုပ်ဟာသူမနဲ့တော်တော်အဆင်ပြေသည်။

လုပ်သက်ငယ်ရွယ်နုနယ်စဉ်က ကယ်လီဟာ တနေ့တာမုန့်စား၊လျှောက်သွားဖို့သာ သွယ်ပေးခြင်းဖြစ်သော်လည်း Client တွေဟာ ဟိုတယ်ရောက်လိုက် တည်းခိုခန်းရောက်သွားလိုက်ဖြစ်ကုန်ကြတော့ ကြားထဲက အောင်သွယ်တော်ခဗျာ မျက်နှာပူလှသည်ပေါ့။ မျက်နှာပူပူနဲ့ပဲ နောက်ပိုင်း ဘာဖြစ်ချင်သလဲ? ဘာလိုချင်သလဲ? ဒဲ့သာဖောင်ဖြည့်ပြီးသွယ်ပေးရတော့သည်။

FUCK THAT NIGHT!Where stories live. Discover now