💙 Part. 2 💙

19 1 0
                                    

Unicode

လွန်းတို့ ကျောင်းရောက်တော့စောနေသေးပေမဲ့  Main ဆောင်ရှေ့မှာလူတွေတော်တော်များများ ရောက်နေကြပြီဖြစ်သည်။မိဘများကိုယ်တိုင် ကျောင်းလာအပ်ပေးကြသည်များကိုလည်းတွေ့ရသည်။

လွန်းတို့ သူငယ်ချင်းလေးယောက်လည်း Form ထုတ်ရမဲ့နေရာတွင်စောင့်နေလိုက်သည်။တဖြည်းဖြည်းနဲ့ ကျောင်းလာအပ်သူများက များများလာသည်။

Form ထုတ်ပေးတော့မှာဖြစ်တာကြောင့် ကျောင်းအပ်တဲ့သူများကလည်း Form ထုတ်ပေးမဲ့နေရာသို့ တဖြည်းဖြည်းရောက်လာတာကြောင့်လွန်းတို့လေးယောက်မှာ လူအုပ်ကြီးထဲတွင်ညှပ်လို့နေသည်။ သုခနဲ့ သုတမှာ အရပ်ရှည်တော့ အဆင်ပြေပေမဲ့ လွန်းနဲ့မြတ်နိုးမှာတော့  သုခနဲ့ သုတ ထက်အရပ်ပုတာကြောင့် ကြာကြာနေတော့ ချွေးတွေရွှဲပြီး အသက်ရှူကြပ်လာသည်။

လွန်း နဲ့ မြတ်နိုးလည်း အမြွှာနှစ်ယောက်ကိုသူတို့ Form ထုတ်ခိုင်းကာ လူအုပ်ကြီးကိုမနည်းတိုးထွက်ပြီး အပြင်ဘက်တွင်သာစောင့်နေလိုက်တော့သည်။

သူတို့နောက်မှရောက်လာတဲ့သူတွေက Formတွေအသီးသီးထုတ်လို့ရသွားကြပေမဲ့ အမြွှာနှစ်ယောက်မှာတော်တော်နဲ့ထွက်မလာသေးတာကြောင့် တစ်ခုခုတော့လွှဲနေပြီဟုစိတ်ထဲထင်လာတာကြောင့် လွန်းနဲ့ မြတ်နိုးနဲ့ ဘေးဘီကို လျှောက်ကြည့်တော့မှ သူတို့  အင်္ဂလိပ်စာမေဂျာ နဲ့ တခြားဝိဇ္ဇာ ဘာသာသမားများက တခြားတဖက်တွင် Form ထုတ်ရမှာဖြစ်ကြောင်းသိလေသည်။

အမြွှာနှစ်ကောင် ကိုသွားပြန်ခေါ်လာပြီး  Form သူတို့ ထုတ်ရမဲ့နေရာတွင် Form ထုတ်ကြပြီး Form တွင်ဖြည့်ရသည်များကိုဖြည့်နေလိုက်ကြသည်။Form ဖြည့်နေရင်းနဲ့လည်း. . .

"ငါတို့ဆိုသည်မှာလည်း နည်းနည်းလေးတော့လွဲလိုက်ရမှနော် . . ."

"အမြွှာနှစ်ကောင် ငါမပြောဘူးလား သေချာအောင် ဘေးလူတွေကိုမေးကြည့်ပါဆိုတာ မမေးဘဲနဲ့  ဒီမှာထုတ်ရမှာသေချာတယ်ဆိုပြီးလုပ်နေပြီးတော့ . . ."

You've reached the end of published parts.

⏰ Last updated: Oct 15, 2020 ⏰

Add this story to your Library to get notified about new parts!

My First Love (On Going)Where stories live. Discover now