1 [Z]

3.9K 48 0
                                    

အပိုင်း (၁)

"လိုက်ကွာ လိုက် လိုက်"

"ဟေ့ကောင်တွေ အဲ့ကောင် ဒီဘက်ကိုပဲပြေးတာ တွေ့အောင်ရှာ စမ်း"

အဆောက်အဦးပျက်ကြီးတခုရဲ့ နောက်လမ်းကြား ထောင့် တနေရာမှာ ပုန်းကွယ်နေတဲ့သူ တစ်ယောက်ကတော့ အန္တရာယ်ကြားက ရှောင်ပြေးဖို့အတွက် မောဟိုက်လွန်းလို့ လုယက်အသက်ရှူနေသံကို မကြားအောင် ထိန်းချုပ်ဖို့ ကြိုးစားနေမိတယ်..။

"ငါမင်းကို သိပ်မုန်းတယ် မင်းကြောင့်သာမဟုတ်ခဲ့ရင် ငါဒီလို ဘ၀ရောက်မှာ မဟုတ်ဘူး.. မင်းအလှည့်ရောက်လာခဲ့ရင် ငါ့လိုခက်ခဲတဲ့ ဘ၀ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ.. ငါ မင်းဆီ ရောက်အောင်လာခဲ့မယ်"

ပြေးလွှားခဲ့ရလို့ မောပန်းရတာထက် ခါးသီးတဲ့ဘ၀ကို ရင်ဆိုင် နေရတာ ပိုမောပန်းလွန်းလို့  Perth ရဲ့ အမုန်းတွေက နေ့စဉ်နဲ့အမျှ Saint ဆိုတဲ့ အဖေတူအမေကွဲ ညီအစ်ကိုအပေါ်မှာ ပိုသထက်ပိုပိုလာခဲ့တာပါ…။

ဒါတွေသာ Saint တစ်ယောက်သိခဲ့ရင်.......?????

***********

Perth လို့ ကြားလိုက်တာနဲ့ အားလုံးသိတာက မူးယစ်ဆေး ဘုရင် မာဖီးယားဂိုဏ်းတစ်ခုရဲ့ အရက်စက်တတ်ဆုံးသော ညာလက်ရုံးလူ တစ်ယောက်ဆိုတာ သိလိုက်ရတဲ့အထိ အားလုံးရဲ့အမုန်းကို ခံယူထားတဲ့ သူ…။

အသက် 28 အရွယ် လူငယ်တစ်ယောက်ရဲ့ ဘ၀ရပ်တည်မှုက ဒီလိုဆို သူရဲ့ပျော်ရွှင်မှုရော ??

ဟင့်အင်း ကျွန်တော့်ရဲ့ပျော်ရွှင်မှုဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ပျောက်ဆုံးခဲ့ပြီးပြီ…။

ကျွန်တော့်အတွက် ပျော်ရွှင်မှု မလိုအပ်ဘူး…။

အမုန်းတရားတွေ အတွက် လက်စားချေဖို့ပဲ လိုအပ်တယ်…။

ဟုတ်တယ် Saint .. မင်းကို လက်စားချေရဖို့သာ ငါရဲ့ပျော်ရွှင်မှု ပဲ…။

မင်းဘ၀ အေးချမ်းမှု ပျောက်ဆုံးတဲ့တနေ့မှသာ ငါပျှော်ရွှင်ရမှာ.။  

***********

"Saint, Congratulation ကွာ.. ဒီအမှုလည်း မင်းနိုင်သွားပြန်ပြီ မင်းကတော့ တကယ့်ကိုတော်တာပဲ"

"မဟုတ်တာကွာ မင်းအကူအညီတွေကြောင့်လည်း နိုင်ခဲ့တာပါ ပြီးတော့ တရားကိုနတ်စောင့်လို့ပါ တရားခံသာ တကယ် အပြစ်ကျူးလွန် တာဆို ငါဘယ်နိုင်ပါ့မလဲ ကွ"

ချီးကျူးလွန်းနေသော ကျွန်တော့်သူငယ်ချင်း ရဲအုပ်ဖြစ်သူ Tin ကို ရှင်းပြပြီး အိမ်အပြန်လမ်းအတွက် နှုတ်ဆက်ထွက်ခွာလာခဲ့တယ်…။

ဒီနေ့အမှုက ၂လောင်းပြိုင်လူသတ်မှုမှာ တရားခံအဖြစ် စွဲချက် တင်ခံရတဲ့ သံသယရှိသူကို စစ်ဆေးလာကြတာ မြို့နယ်ကနေ ခရိုင်အထိ သာရောက်လာခဲ့ပေမဲ့  တရားလိုဘက်ရော တရားခံဘက်ကပါ သက်သေ ကောင်းကောင်း မတင်ပြနိုင်ခဲ့လို့  ကြာမြင့်လာတာ တစ်နှစ်ကျော်ကျော် ဖြစ်နေခဲ့ပြီ…။

ကျွန်တော် ဒီမြို့ကို ပြောင်းလာလာချင်း တရားခံရှေ့နေအဖြစ် လိုက်ရတဲ့ ပထမဆုံးအမှုကို တရားမှန်ဖော်ထုတ်နိုင်ခဲ့လို့  ကျွန်တော် ကျေနပ်နေတယ်…။

ကျွန်တော် အမှုတစ်ခုကို မျှမျှတတ အောင်နိုင်လေတိုင်း အမြဲ ဂုဏ်ယူတယ်…။

အမြဲတမ်းလည်း အောင်မြင်အောင် ကြိုးစားတယ်...။

ဘာလို့လဲဆိုတော့ ကျွန်တော့်ဘ၀ကို လှပစွာဖန်တီးပေးခဲ့သူ တစ်ယောက်နဲ့ ကျွန်တော့်အတွက်ကြောင့် နစ်နာခဲ့သူတစ်ယောက်ကို စိတ်မပျက်စေချင်ဘူး…။

ထိုသူတွေကတော့ ကျွန်တော့်ရဲ့ဖခင်နဲ့ ကျွန်တော်အမြဲအားနာ ပြီး ရှာနေခဲ့ရတဲ့ Perth ပါ…။
သူတို့ကို ကျွန်တော့်အတွက် ဂုဏ်ယူခြင်းတွေကိုပဲ ပေးအပ်ချင် တယ်…။

အခုအောင်ပွဲကိုလည်း အဖေ့ကို ပြန်ရောက်ရင် ဖုန်းဆက်ပြီး ပြောပြဦးမှပါ…။

ဒါပေမဲ့ သေချာပါတယ် ကျွန်တော်နိုင်မယ်ဆိုတာ အဖေသိနှင့် နေမှာပါ…။

ကျွန်တော့်ဘ၀ကို အကောင်းဆုံးတွေနဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ အဖေ့ကြောင့်သာ ကျွန်တော် အမြဲအေးချမ်း ပြည့်စုံခဲ့ရတာ…။ ဒါပေမဲ့ Perth သာ အတူရှိနေခဲ့မယ်ဆို ကျွန်တော့်ဘ၀ ပိုပြည့်စုံမယ် ထင်တယ်..။

သူ့ကို ကျွန်တော် အမြဲလိုက်ရှာနေခဲ့တယ်..။

ပျောက်သောသူ ရှာရင်တွေ့ဆိုပေမဲ့  Perth ကိုတော့ ခုထိ ကျွန်တော်မတွေ့နိုင်သေးဘူး..။

'ငါ မင်းကို မုန်းတယ် Saint' လို့ ကြားခဲ့ရတဲ့ မင်းနဲ့ငါ့ကြားက တစ်ခွန်းထဲသော စကားကို ချေဖျက်ပြစ်ချင်တာမို့  မင်းကို ငါရှာနေမှာ…။

“Perth မင်းကို ငါရအောင်ရှာမှာပါ မင်းရှေ့ကို ငါရောက်အောင် လာမှာပါ"

●●●●● (1) ●●●●●

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now