18

428 38 0
                                    

အပိုင်း (18)

"သွား..သွား.. ထွက်သွား.. အချစ်တုတွေနဲ့ ငါ့ကို လိမ်ညာခဲ့တဲ့ လူ..သွား..သွား"

စားပွဲပေါ်က စာရွက်စာတမ်းအားလုံးကို ဒေါသတကြီး တစစီ တွန်းချလွှတ်ပြစ်ပြီး ဒူးထောက်ထိုင်ချကာ ခုံပေါ် မျက်နှာမှောက်ငိုကြွေး လိုက်တာ အချိန်ဘယ်လောက်တောင် ကြာသွားလဲ သတိမထားလိုက်မိ ဘူး…။

Tin ဖုန်းသံဝင်လာမှ စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သလို ဖြစ်သွားတယ်

"Hello.. Tin"

"Saint.... မင်းကို ထိုးကြိတ်သွားတဲ့ လူလေးယောက်ထဲက တယောက်က King Cobra အဖွဲ့ဝင်တယောက်ပဲ..  အခင်းဖြစ်တဲ့ နေရာ မှာ ကျကျန်ခဲ့တဲ့ မျက်မှန်ပေါ်ကလက်ဗွေရာက မင်းမရောက်ခင် လွန်ခဲ့တဲ့ နှစ်နှစ်က ဆေးမှုနဲ့ ထောင်ကျဖူးတဲ့ Title ရဲ့လက်ဗွေရာပဲ.. ငါ Title သတင်းဆက်လိုက်တော့ တလောက မင်းဖော်ထုတ်လိုက်တဲ့ Nicky အမှု တွဲမှာ ပါတဲ့ Sam နဲ့အတူ အဲ့အရောင်းအဝယ်နေ့မှာ ပါလာတယ်ဆိုတာ သိလိုက်ရတယ်… အဲ့တော့ မင်းကို အငြိုးထားနေတာ King Cobra ပဲ Saint"

Tin ရဲ့ ပြောစကားတွေကိုအရ Saint သတိနဲ့နေရတော့မယ်ဆို တာ ဦးနှောက်က အချက်ပေးလာတယ်…။

***********

"ဟားဟား Perth Perth မင်းကအဲလိုလား.. မင်းကို ရက်စက် ကြမ်းကြုတ်တဲ့ မူးယစ်ရာဇာလို့ ထင်ထားတာ… အခုတော့ မင်းက ယောက်ျားတယောက်နဲ့ ချစ်ကြိုက်တဲ့ Gay တဲ့လား ဟားးးဟားးး မင်း အသည်းကို တစစီဆွဲဖြဲဖို့ အချိန်ကျပြီ... cheers 🥂 Rose ... ငါတို့ရဲ့ အကြို အောင်ပွဲအတွက် "

Perth အပေါ် အငြိုးထားနေတဲ့ Rose က Perth ကို Pond က ဒုက္ခပေးဖို့ ကြိုးစားနေမှန်းသိရတဲ့အခါ Perth ရဲ့အတွင်းရေးအားလုံးကို သတင်းပေးလိုက်တယ်…။

Pond က တဖက်ကစုံစမ်းရင်း Perth နဲ့ Saint ချစ်ကြိုက်နေ ကြတာသိသွားတော့နှစ်ယောက်ပေါင်းပြီး Perth ကို ဒုက္ခပေးဖို့ အစီအစဉ် တွေဆွဲပြီး ပျော်နေကြတော့တယ်…။

***********

ရုံးကအပြန် နောက်ကျနေပမဲ့ စိတ်ညစ်နေတာကြောင့် တယောက်တည်း ပန်းခြံထဲ လာထိုင်နေမိတယ်…။
အချိန်လင့်နေပြီမို့ ပန်းခြံထဲ လူသွားလူလာ ရှင်းနေတယ်…။

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now