(♡✿Unicode✿♡)

196 15 0
                                    

နေ့တစ်နေ့၏ မနက်ခင်းအစ...

အိပ်ရာမှစောစောထကာ ရပ်ကွက်တစ်ခုလုံးကို ပတ်၍ပြေးခြင်းသည် သူ့အတွက်တော့ သိပ်ကိုစိတ်ကျေနပ်စေသည့်အားကစားတစ်ခု။ အေးချမ်းလှတဲ့ မနက်ခင်းအချိန်လေးကို ကျန်းမာရေးလိုက်စားခြင်းဖြင့်သာ အချိန်ကုန်ဆုံးစေသည်။

လမ်းတစ်လျှောက်လုံးလည်း လူဆိုလို့သူတစ်ယောက်သာ။ တိတ်ဆိတ်မှုသာကြီးစိုးနေသည်။ ချွေးများစိုစွတ်နေသည့် မျက်နှာပေါ်သို့ ဖြတ်ပြေးသွားသည့် လေတို့၏ တိုးဝေ့မှုက အေးစိမ့်စိမ့်။ နားကြပ်မှ သီချင်းသံလေးကလည်း ခပ်ငြိမ့်ငြိမ့်..

ပြေးနေရင်းမှ ခဏရပ်ကာ မျက်လုံးမှိတ်၍ အသက်ကိုဝဝရှူသွင်းလိုက်သည်။ အဆုတ်ထဲထိရောက်သွားတဲ့ လေတို့ကို ၃စက္ကန့်လောက် အသက်အောင့်ထားပြီးမှ တစ်ဖန်ပြန်ရှူထုတ်လိုက်သည်။ မှိတ်ထားသည့်မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ နေလို့ကောင်းလိုက်တဲ့ နက်ခင်းလေး။ ဒါနဲ့...

သူ့ရှေ့ကို လာနေတဲ့ ဟာကြီးကဘာကြီးလဲ!

မျက်မှန်မပါ၍ မှုန်ဝါးဝါးမြင်နေရသည့် အရာကြီးက သူ့ဆီသို့ တဖြည်းဖြည်းချင်းကပ်လာနေသည်။

အား!! သေပါပြီ!!ကုန်ပါပြီ !!

"ဟေ့ မင်းလူတစ်ယောက်လုံးတောင် မမြင်ဘူးလား"

လဲကျနေရာမှ ကုန်းရုန်းထကာ ထိုကောင်လေးကို ပိတ်ဟောက်လိုက်သည်။

ကောင်လေးကတော့ သူ့ကိုလှည့်ပင်မကြည့် ပြန့်ကျဲနေတဲ့ သတင်းစာတွေကိုသာ သူ့စက်ဘီးခြင်းတောင်းထဲ ပြန်ကောက်ထည့်နေသည်။

"ဟေ့ မင်းတောင်းပန်သင့်တယ်မထင်ဘူးလား"

ပခုံးကို လှမ်းကိုင်လှုပ်ကာ မေးလိုက်တော့ နဂါးမျက်စောင်းနှင့် လှည့်ကြည့်သည့်ကောင်လေးကြောင့် ကိုင်ထားသည့် လက်များပင်တွန့်သွားရသည်။

ဘာလေးလဲဟ! လူကြည့်တော့ ဖြူစွတ်စွတ်နဲ့...

သူ့ထက်တောင် ငယ့်မယ့်ရုပ်လေးနဲ့ လူကိုလာကြည့်နေတယ်။ ကြောက်မယ်များထင်နေလား။

"ဟေ့! မင်းဒါတော့ တရားလွန်လာပြီနော်၊ မင်းလုပ်တာ မင်းတာဝန်ယူရမယ်၊ မဟုတ်ရင်တော့ ငါရဲတိုင်မှာ"

♡Cute Delivery Boy♡ (One Short)Where stories live. Discover now