🖤Intro❤️

163 14 7
                                    

Unicode

"ဂျူတီက အခုမှပြီးလို့ ကိုယ်လည်း အခုမှနားရတယ်  အရမ်းလွမ်းတယ်ငယ် . . ."

Ph ခေါ်ရင်လည်း သူကြားချင်တဲ့ ငယ့်အသံလေးမဟုတ်ဘဲ လူကြီးမင်းနဲ့ပဲ တိုးနေမှာမို့ Saint ငယ့်ဆီ စာလေးပဲပို့ထားလိုက်တော့သည်။သူပို့တဲ့စာလေးကို ငယ်မမြင်သလို သူ့ကိုလည်း Reply ပြန်မှာမဟုတ်ဘူးဆိုတာသိနေပေမဲ့လည်း. . .ငယ့်ဆီစာတွေပို့နေမိတုန်းပဲဖြစ်သည်။

"Saint မနက်ဂျူတီဝင်ရဦးမှာမလား . . ."

"အင်း . . .ဝင်ရမှာ  Plan "

"အဲ့ဒါဆို အိပ်ရေးဝအောင်အိပ်တော့ ဟိုဟိုဒီဒီတွေတွေးမနေနဲ့တော့ ဒီနေ့လည်း Operation ခန်းထဲအကြာကြီး ဝင်ထားရတော့ပင်ပန်းနေပြီမဟုတ်လား. . ."

"အေးပါ Plan ရာ. . ."

Saint လည်း Plan ပြောသလိုပဲ ဘာမှထပ်မတွေးတော့ပဲ အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်တော့သည်။

မနက်ရောက်တော့လည်း နားချိန်ခဏလေးမှာ Plan နဲ့အတူတူ ဆေးရုံကန်တင်းမှာ မနက်စာစားနေတုန်း ဆေးရုံအုပ်က ဆရာဝန်တွေကို အစည်းအဝေးခေါ်တာကြောင့် အစည်းအဝေးအခန်းထဲထွက်လာခဲ့လိုက်သည်။

Saint တို့ရောက်ပြီး သိပ်မကြာခင်မှာပင် အစည်းအဝေးစလေသည်။

"ဒီနေ့ အစည်းအဝေး ခေါ်ရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့ဆေးရုံကနေကျန်းမာရေးနဲ့ပက်သက်ပြီးတကယ်လိုအပ်ချက်တွေရှိနေတဲ့ နေရာတွေကို သွားရောက်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှာမို့ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်အားဖြည့် ကူညီပေးချင်သူများရှိရင် လျှောက်ထားလို့ရပါတယ်ဆိုတဲ့အကြောင်းပြောချင်လို့ပါ. . ."

" အဖွဲ့ကတော့ မြောက်ပိုင်းအဖွဲ့နဲ့ တောင်ပိုင်းအဖွဲဆိုပြီး ၂ဖွဲ့ခွဲထားပါတယ် သွားရမဲ့နေရာတွေက ကျွန်တော်တို့နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ ​တောင်ပိုင်းမှာရှိတဲ့ မြို့လေးတွေဖြစ်လို့ပါ. . ."

"နောက်လသွားရမှာပါ။၆လကြာမှာဖြစ်တာကြောင့်စေတနာ့ ဝန်ထမ်းအဖြစ်လျှောက်ထားချင်ရင် ဒီနေ့ကစပြီး လျှောက်လွှာတင်ပြီးလျှောက်လို့ရပါပြီ. . ."

You've reached the end of published parts.

⏰ Last updated: Oct 18, 2020 ⏰

Add this story to your Library to get notified about new parts!

Missing You Where stories live. Discover now