Unicode
"ဂျူတီက အခုမှပြီးလို့ ကိုယ်လည်း အခုမှနားရတယ် အရမ်းလွမ်းတယ်ငယ် . . ."
Ph ခေါ်ရင်လည်း သူကြားချင်တဲ့ ငယ့်အသံလေးမဟုတ်ဘဲ လူကြီးမင်းနဲ့ပဲ တိုးနေမှာမို့ Saint ငယ့်ဆီ စာလေးပဲပို့ထားလိုက်တော့သည်။သူပို့တဲ့စာလေးကို ငယ်မမြင်သလို သူ့ကိုလည်း Reply ပြန်မှာမဟုတ်ဘူးဆိုတာသိနေပေမဲ့လည်း. . .ငယ့်ဆီစာတွေပို့နေမိတုန်းပဲဖြစ်သည်။
"Saint မနက်ဂျူတီဝင်ရဦးမှာမလား . . ."
"အင်း . . .ဝင်ရမှာ Plan "
"အဲ့ဒါဆို အိပ်ရေးဝအောင်အိပ်တော့ ဟိုဟိုဒီဒီတွေတွေးမနေနဲ့တော့ ဒီနေ့လည်း Operation ခန်းထဲအကြာကြီး ဝင်ထားရတော့ပင်ပန်းနေပြီမဟုတ်လား. . ."
"အေးပါ Plan ရာ. . ."
Saint လည်း Plan ပြောသလိုပဲ ဘာမှထပ်မတွေးတော့ပဲ အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်တော့သည်။
မနက်ရောက်တော့လည်း နားချိန်ခဏလေးမှာ Plan နဲ့အတူတူ ဆေးရုံကန်တင်းမှာ မနက်စာစားနေတုန်း ဆေးရုံအုပ်က ဆရာဝန်တွေကို အစည်းအဝေးခေါ်တာကြောင့် အစည်းအဝေးအခန်းထဲထွက်လာခဲ့လိုက်သည်။
Saint တို့ရောက်ပြီး သိပ်မကြာခင်မှာပင် အစည်းအဝေးစလေသည်။
"ဒီနေ့ အစည်းအဝေး ခေါ်ရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့ဆေးရုံကနေကျန်းမာရေးနဲ့ပက်သက်ပြီးတကယ်လိုအပ်ချက်တွေရှိနေတဲ့ နေရာတွေကို သွားရောက်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှာမို့ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်အားဖြည့် ကူညီပေးချင်သူများရှိရင် လျှောက်ထားလို့ရပါတယ်ဆိုတဲ့အကြောင်းပြောချင်လို့ပါ. . ."
" အဖွဲ့ကတော့ မြောက်ပိုင်းအဖွဲ့နဲ့ တောင်ပိုင်းအဖွဲဆိုပြီး ၂ဖွဲ့ခွဲထားပါတယ် သွားရမဲ့နေရာတွေက ကျွန်တော်တို့နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ မြို့လေးတွေဖြစ်လို့ပါ. . ."
"နောက်လသွားရမှာပါ။၆လကြာမှာဖြစ်တာကြောင့်စေတနာ့ ဝန်ထမ်းအဖြစ်လျှောက်ထားချင်ရင် ဒီနေ့ကစပြီး လျှောက်လွှာတင်ပြီးလျှောက်လို့ရပါပြီ. . ."