1 [U]

53 4 0
                                    

BXG သူငယ်ချင်းမလေး YuKi အတွက် မွေးနေ့လက်ဆောင် Short Story လေးမို့ အရေးအသားမကောင်းခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပေးပါ💚❤️💚❤️
.................

ကျွန်တော့်ရဲ့ Mimosa

အပိုင်း (၁)

(1) ကျွန်တော့်အချစ်က ပန်းလေးတစ်ပွင့်...။

တခုပ်တယလက်ထဲထည့်လို့ ဖွဖွနမ်းကြူရတဲ့ ဟေမာန်ရာသီ Mimosa ပန်းလေးတစ်ပွင့် လိုပဲ....။ ထိလွယ်ရှလွယ်တတ်သလောက် ကျွန်တော့်ဘ၀ကြီးကိုတော့ ကြီးကျယ် ခမ်းနားစေတယ်...။

အချိန်နဲ့အမျှ ကျွန်တော့်ရဲ့ Mimosa ပန်းလေးကို Thesis လုပ်ရင်းနဲ့ ကျွန်တော့် အချစ်တွေကလည်း မြင့်မြတ်လာခဲ့တယ်....။

ဆိုးပေပေကောင်လေးတစ်ယောက်ကို ပန်းရနံ့သင်းပျံ့ပျံ့လေပြေညှင်းလေး တစ်ခုလို ပြောင်းလဲစေခဲ့တဲ့ သူတစ်ယောက်ကိုတော့ ထိုကောင်လေးကတယုတယ ချစ်မြတ်နိုးခဲ့တယ်...။

တခါတရံဘ၀က အဆင်ပြေခြင်းတွေနဲ့အတူ ရှိမလာတတ်ဘူး။

အလဲအထပ်လုပ်ရတယ်။ အပေးအယူတွေနဲ့ ကစားရတယ်။

မင်းပေးတာအချိုပေမဲ့ သူပြန်ပေးတာ အခါးဖြစ်နေတာများတဲ့အခါ မင်းကိုယ်တိုင်က အချိုတွေကို ခါးပစ်ဖို့ ၀န်မလေးတော့တာမျိုး ဖြစ်သွားလိမ့်မယ်။

ဆိုးသွမ်းတယ်လို့ သမုတ်ခံရခြင်းကလည်း ဒီလိုလောကသဘာဝတွေကြောင့် ရရှိလာနိုင်တဲ့ ဂုဏ်သတ္တိတွေပဲ။

စွန့်ပစ်ခဲ့တဲ့ ဖခင်၊ ပျော့ညံ့လွန်းတဲ့မိခင်၊ သူတော်ယောင်ဆောင်ခဲ့သမျှ ပျောက်ဆုံးသွားတဲ့ ပထွေး။

အရာအားလုံးရဲ့ ပစ်မှတ်က ကျွန်တော် Wang YiBo.

"မင်းကိုထမင်းအလကား ကျွေးထားတာကိုကျေးဇူးတင်..... သောက်ချိုးကိုက ကောင်းတဲ့ကောင် ဖြစ်မှာမဟုတ်ဘူး"

"........."

"မင်းမျက်နှာပေးကိုပြင် .. ဒီအိမ်မှာမင်းလုပ်စာထိုင်စားနေတဲ့ သူတယောက်မှမရှိဘူး.. မင်းရှာသမျှ ပြသနာကိုပဲ လိုက်ရှင်းနေရတဲ့သူကြီးပဲ.. မင်းအဲ့ပုံစံလုပ်ခွင့်ရှိတယ်ထင်နေလား? ဟေ့ကောင် ဟမ်?"

You've reached the end of published parts.

⏰ Last updated: Mar 23, 2023 ⏰

Add this story to your Library to get notified about new parts!

My MimosaWhere stories live. Discover now