Part-2

364 51 9
                                    

Zawgyi
------------

ငှက်သံတကျီကျီနဲ့မျက်နှာပေါ်ဖြာကျနေတဲ့နေရောင်ခြည်ကြောင့်Taeနိုးလာခဲ့သည်
မနက်နိုးနိုးချင်းသတိရမိတာ အကို

အချိန်ကိုကြည့်လိုက်တော့မနက်7နာရီဒီအချိန်ဆိုအကိုလဲအလုပ်သွားဖို့ပြင်ဆင်နေလောက်ရောပေါ့
အကိုကအလုပ်လုပ်နေတာဖြစ်နိုင်သည် မနေ့ကအကိုlaptopကိုအာရုံစိုက်ပြီးအလုပ်လုပ်နေတာပဲဖြစ်မှာ

Taeတစ်ယောက်ကတော့'အကို'ဆိုတဲ့နာမ်စားပိုင်ရှင်လေးကိုမနက်နိုးနိုးချင်းတွေးနေတော့တယ်

ကျွန်တော်အတွေးတွေကိုအကိုပိုင်သွားပြီ
Good Morningအကို အလုပ်ကောင်းကောင်းလုပ်နိုင်ပါစေ

Taeတစ်ယောက်အကိုဆိုတဲ့ကောင်လေးအကြောင်းတွေးတာရပ်ပြီးကျောင်းသွားဖို့ပြင်ဆင်ရသည် ကျောင်းတက်ချိန်အမှီပြောင်းခဲ့ပါသော်လည်းနှစ်ရက်နောက်ကျသွားသည် ဒီနေ့မှကျောင်းစတက်ဖြစ်တယ်

ကျွန်တော်ရေချိုးပြီး ကျောင်းဝတ်စုံဝတ်ကာ ပြင်ဆင်လိုက်သည် အထူးတလည်ပြင်ဆင်စရာမလို ကျွန်တော်ကချောပြီးသားမို့လို့ ဆံပင်အမဲပွပွလေးကိုသပ်ပြီးမှန်ကြည့်လိုက်တော့ ကျွန်တော်ကတော်တော်ချောတာပဲ ဒါပေမယ့်ကျွန်တော့်ထက်အကိုကအဆပေါင်းများစွာချောတယ်

Taeတစ်ယောက်တွေးရင်းရီမိသည် တကယ်ပဲအကိုကကျွန်တော့်အတွေးကိုပိုင်သွားတာ

ကျွန်တော်လဲပြုံးပြီးအောက်ထပ်ကိုဆင်းလာလိုက်သည်

"သားTaeလေး ဒီမှာမနက်စာပြင်ပြီးပြီလာစားချည်"

"ဟုတ်မေမေ ဒါနဲ့ဖေဖေရော"

"သားဖေဖေလာလိမ့်မယ် ခုနကမှအခန်းထဲခဏဆိုပြီးဝင်သွားတာ"

"သြော် ဟုတ်"

ကျွန်တော်လဲမေမေပြင်ပေးတဲ့ပေါင်မုန့်ကြက်ဥကြော်ကိုစားနေလိုက်သည်

"သားလေး ဒီနေ့ဖေဖေကျောင်းလိုက်ပို့ပေးမယ်နော် ဒီနေ့ပထမဆုံးဆိုတော့"

"သြော် ဖေဖေလာပြီလား ဟုတ်ဖေဖေလိုက်ပို့လေ ဒါပေမယ့်နောက်နေ့တွေတော့Tae busစီးပြီးပဲသွားမယ်နော်"

My Anonymous Neighbour BoyWhere stories live. Discover now