Unicode
_________"91% သော လူတွေက ပေါင်မုန့်ရဲ့ ပထမဆုံးအချပ်ကို မစားကြဘူးတဲ့ အကြောင်းကတော့ မုန့်သားကြမ်းနေတဲ့ အပြင် ပုံစံကလည်း မလှလို့တဲ့ "
"အားးးး KIM JISOO!!! ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးလို့ရမလား ငါစာလုပ်လို့မရတော့ဘူး "
အော်သံကြောင့် တစ်ခန်းလုံးရှိမျက်လုံးများက နောက်ဆုံးတန်းမှ သူတို့နှစ်ယောက်ထံ ရောက်လာသည် ။
"ငါက ဗဟုသုတ မျှဝေပေးတာပါ ။ Sharing is Caring လေ ။ "
"နင့် Sharing က ငါ့အတွက်တော့ Caring မဖြစ်ဘူး ။ တိတ်တိတ်လေးမနေရင် အခု ထွက်သွားလိုက် ။ "
"အိုကေ အိုကေ "
လက်မနှင့် လက်ညိုးကို ထိကပ်ဝိုင်းပြကာ တစ်ဖက်သို့လှည့်သွားမှ သက်ပြင်းချပြီး စာထဲ စိတ်ပြန်နှစ်ရသည် ။
"တကယ်တော့ နေရဲ့ အရောင်က အဝါရောင်မဟုတ်ဘူးသိလား "
"ချီးတဲ့မှ !! "
စာအုပ်တွေကို လွယ်အိတ်ထဲကောက်ထည့်ကာ ထွက်သွားဖို့ ပြင်နေသော လက်ကို လှမ်းဆွဲလိုက်သည် ။
"ဘယ်သွားမလို့လဲ ? "
"အတန်းထဲမှာရှိတဲ့ ဂေါက်ကြောင်တစ်ကောင်ရဲ့ အဝေးဆုံးကို ။ "
"ငါလည်း လိုက်မယ် "
"နင် ငါ့နောက်လိုက်လာရင် နောက်နေ့ ငါ့ကို လုံးဝ မတွေ့ရဘူးမှတ် ။ "
"အိုကေ အိုကေ "
နောက်တစ်ဖန် လက်မနှင့်လက်ညိုးကို ထိလျှက် ဝိုင်းပြကာ ရှေ့က ထွက်သွားသည် ။
သွားနေတဲ့တစ်လျှောက်လည်း လက်နောက်ပစ်လျှက် နောက်ကို မကြာခဏလှည့်ကြည့်လာသည် ။
စာကြည့်တိုက်ထဲရောက်တော့ Jisoo က သူထိုင်သည့် စားပွဲရှေ့တွင် ခုံတစ်လုံးဆွဲကာ ဝင်ထိုင်ပြန်သည် ။
"Yaaa Kim Jisoo ... နင့်ကို ငါ့နောက် လိုက်မလာနဲ့လို့ ပြောတယ်လေ "
"ငါဘယ်မှာလိုက်လို့လဲ ။ နင်စာကြည့်တိုက်လာတော့ ငါ နင့်ရှေ့က လာတာလေ ။ အခုလည်း နင့်ရှေ့မှာ ဝင်ထိုင်တာလေ ။ နောက်မှာထိုင်တာမှ မဟုတ်တာ ။ "