[Unicode]
~~~~~~~~~နေမင်းကြီးဖြာထွက်နေပြီး ငှက်ကလေးတွေလဲ တေးဆိုနေတဲ့သာယာတဲ့ မနက်ခင်းလေးမှာ ကောင်လေးတစ်ယောက်ကတော့ အပျင်းထူပြီးအိပ်ယာထဲမှာလူးလိမ့်နေတယ်
"Ya!!Park Jimin!!နေဖင်ထိုးနေပြီ!နင်ကအိပ်ကောင်းတုန်းလား??"
"Ommaကလဲ~"
"Ommaကမလဲနဲ့!အချိန်လေးဘာလေးကြည့်ဦး!!"
"ဟင်?ဘယ်အချိန်ရှိ......
ဟာ!!!!သွားပါပြီ!သွားပါပြီ!!
Ommaကလဲမနှိုးဘူးဗျာ~~"ထိုအခါမှPark Jiminတစ်ယောက် အိပ်ယာထဲမှကမန်းကတန်းထကာ ရေချိုးခန်းထဲသို့ "ဒုန်!!" "ဒိုင်း!!" စတဲ့ဆူညံသံများဖြင့် ရေချိုးခန်းထဲသို့အပြေးအလွှား၀င်သွားရလေသည်😆
ဟုတ်ပါသည်...သူဒီနေ့နောက်ကျလို့မဖြစ်ပါ။ဘာလို့ဆိုသူ့ရဲ့ နှစ်ယောက်မရှိတဲ့ အချစ်ဆုံးလူကြီးJeon Jungkookကြောင့်ပင်....
အမှန်တစ်ကယ်ဆိုရင်Park Jiminဆိုတဲ့ကျွန်တော်က ယောကျာ်းလေးမပြောနဲ့ မိန်းကလေးတွေကိုတောင် တစ်ခါမှစေ့စေ့မကြည့်ဖူးတဲ့ လူတစ်ယောက်…အဲ့လိုလူတစ်ယောက်က ဘာမဟုတ်တဲ့Jeon Jungkookဆိုတဲ့ လူကြီးဆီမှာကျရှုံးရတယ်တဲ့လားဗျာ??
ကျွန်တော်သူ့ကိုစစတွေ့တဲ့အချိန်မှာပဲ ဘယ်ဘက်ထောင့်တစ်နေရာက ကျွန်တော့်ရဲ့နှလုံးသားလေးက တားဆီးမရအောင်ခုန်ပေါက်နေခဲ့တာ...ကျွန်တော်တစ်ကယ်မသိခဲ့ဘူး။အဲ့တာကအချစ်ဆိုတာကိုလေ
အဲ့လူကြီးကအရမ်းချောတယ်....မဟုတ်ဘူး ချောသင့်တာထက်ကိုပိုချောနေတာ။ဒါပေမယ့်..သူကအရမ်းချေတာဗျ။ကျွန်တော်သူနဲ့ခင်မင်ခွင့်ရအောင် ကြိုးစားတယ်။ဒါပေမယ့်သူကချေမြဲပဲ။အသက်အရဆိုရင် သူကကျွန်တော့်ထက်လေးနှစ်ကြီးတယ်။ကျွန်တော်ကနဲ့သူနဲ့ယှဉ်ရပ်လိုက်ရင် တစ်ကယ့်ကိုသေးသေးလေးဖြစ်နေတာ....။အရင်ကကျွန်တော်ကိုယ့်အရပ်ကိုယ် စိတ်တိုင်းမကျခဲ့ပေမယ့် အခုတော့ဒီအရပ်လေးကြောင့်ပဲ သူ့ဆီက"ချစ်ဖို့ကောင်းတယ်"ဆိုတဲ့ စကားကိုကြားခွင့်ရခဲ့တယ်လေ.......။
အခုသူ့ဆီကနေ အာရုံစိုက်မှုကိုကျွန်တော်ရလိုက်ပါပြီ။သူကကျွန်တော့်ကိုတစ်ခါတစ်ခါ မင်လေး လို့ခေါ်တာကြောင့်လဲ ကျွန်တော့်မှာရူးမလိုကိုဖြစ်ရပြန်ပါတယ်။