Lost

3.6K 183 22
                                    


"ဝမ်ရိပေါ်! ! မင်းယောကျ်ားဘယ်မှာလဲ"
"ကို...ကိုကြီး! ဟို..ဟို.."
"တဟိုဟိုမလုပ်နဲ့ ဘယ်အချိန်ရှိနေပြီလဲ အိပ်ပြန်လာချိန်ကို
ပြန်မလာတာ...အောက်တန်းစားအချိုးတွေပဲ"
_ညသန်းခေါင် တစ်ချက်လောက်မှာ ဝမ်အိမ်တော်ကြီး အတွင်း
ဒေါသသံတွေဟိန်းနေသည်...

"လမ်းဘေးမှာနေ လမ်းဘေးမှာကြီးလာတဲ့ကောင် ဘယ်လောက်ပဲ
ကောင်းစားစား $အကျင့်ဆိုးတွေက ပြင်မှာ မဟုတ်ဘူး"

ထိုအချိန် ခြံဝင်းထဲ မောင်းဝင်လာတဲ့ ပြိုင်ကားအနက်လေး
ကားပေါ်က ယိုင်တိုင်ဆင်းလာတဲ့သူကိုတွေ့တော့ ရိပေါ် ခဗျာ
အပြေးအလွှားသွားတွဲပြန်သည်...မတော် ကိုကြီးရှေ့ကို ​မှောက်ရက်လဲမှ အခြေအနေတွေ ပိုဆိုးလိမ့်မယ်...

"ကိုကို..အရက်တွေ သောက်လာပြန်ပြီလား"
"အွင်း...နဲနဲ"
_လေသံတောင်မပီတော့တဲ့ XZရယ်ပါ

"အော်! ကိုကြီး!! ကျနော့်ကိုစောင့်နေတာလား
အိပ်ရေးပျက်ခံပြီး...ဟဲ..မစောင့်ပါနဲ့..ကျနော်ယောက်ျားစောင့်မှာပေါ့"
"တိတ်စမ်း ​ရှောင်းကျန်​့ !ပေါက်လွတ်ပဲစား စကားတွေ
မပြောနဲ့..ငါ့အိမ်မှာနေပြီး ငါ့ကို မခန့်လေးစား မလုပ်နဲ့
မင်းရဲ့ အောက်တန်းစား အကျင့်တွေကို ပြင်စမ်း ​ရှောင်းကျန့်"
"ဟက်...အောပ်တန်းစား! အဲ့အောက်ဆန်းစားက ခင်ဗျားရဲ့ ယောက်ဖလေ..ဟားဟား"
"တော်ပါတော့ကိုကိုရယ်...လာ အပေါ်ကိုသွားရအောင်နော်"
"သွားဝူးးးး"
"လာ.ပါကိုကိုရယ်...ကိုကြီး ကိုကြ်ိးလဲ သွားအိပ်တော့နော်
ကျတော်တို့လဲ အပေါ်တက်တော့မယ်"
_အမူးသမား ကိုကို့ကို အခန်းထဲရောက်အောင် ခက်ခက်ခဲခဲ
ဆွဲခေါ်ခဲ့ရသည်.....အင်း...နောက်ဆက်တွဲ အခြေအနေကတော့ _
တရားဝင်လက်ထက်ပြီးတဲ့သူတွေ ဖြစ်တဲ့အတွက် တယောက်လိုအပ်ချက် တယောက်က ဖြည့်ဆည်းပေးရမှာပဲလေ..

"အင်း..အချစ်..အ့..ဟူး"
"အင့်..ကိုကို"
"ကောင်းသွားမှာ..အချစ်"
_အရင်အချ်ိန်မှာ ရိပေါ်လို့ပဲ ခေါ်တတ်တဲ့ ကိုကိုက အခုတော့
အချစ် ဆိုတဲ့ နာမ်စားကို ခေါ်တယ်....တခါမှမခေါ်ဖူးတဲ့အတွက်
ထူးဆန်းလိုက်တာ...ဒါပေမဲ့ ပျော်ပါတယ်ကိုကို

*တဖက်လူကရော သူ့ကိုရည်ရွယ်ပါရဲ့လား*

_ရိပေါ်ဆိုတာ ဝမ်အိမ်တော်ရဲ့ အသဲအသက်လေး
မိဘနှစ်ပါးလုံး accident နဲ့ ဆုံးပါးသွားပြီးတဲ့နောက်မှာတော့
ရိပေါ်နဲ့ အသက်လေးနှစ်လောက်သာကွာတဲ့
ဘွဲ့ရသွားပြီးတဲ့ ကိုကြီးက အလုပ်အားလုံးကို ဦးစီးခဲ့သည်...
သူကတော့ အထက်တန်းအောင်ခါစ....ဝမ်ဖန်မင် ဆိုတဲ့.ကိုကြီးကို
ရိပေါ်ငယ်ငယ်လေးထဲက မေမေတို့က မွေးစားခဲ့ကြတာ...
မွေးချင်းမရှိတဲ့ ရိပေါ်က ကိုကြီးကို ချစ်တယ်
သူက ကိုကြီးကို အရမ်းအားကိုးတယ်..လေးစားရတယ်
အကိုအရင်းတယောက်ပါပဲ....
ရိပေါ် တက္ကသိုလ် ဒုတိယနှစ်ရောက်တဲ့ အချိန်မှာ အချစ်ကို
စတင်တွေ့ရှိမိတယ်..သူက ကိုကို ' ​ရှောင်းကျန့်' ...
ရိပေါ် ကိုကို့ကို အရမ်းချစ်တယ်....အရာအားလုံးစွန့်လွှတ်နိုင်တဲ့
အထိတောင် ကိုကို့ကို ချစ်ရပါတယ်... ရိပေါ်ဘွဲ့ရပြီးတော့
ကိုကို နဲ့ လက်ထက်ခဲ့တာ အခုဆို တစ်နှစ်ခွဲလောက်ရှိပြီ...
ချစ်သူသက်တမ်းမှာတော့ ကိုကိုက ရိပေါ်ကို အရမ်းဂရုစိုက်တယ်
အိမ်ထောင်ပြုပြီးနောက်တော့ ကိုကိုက အေးစက်လာတယ်
ရိပေါ်က နွေးထွေးဖို့ကြိုးစားလေ ကိုကိုက အေးခဲလာလေပဲ...
ကိုကို သူ့ကို တကယ်မှ ချစ်ခဲ့ရဲ့လား...ကိုကို သူ့ကို ဂရုစိုက်တဲ့
အချိန်တခုတော့ရှ်တယ် အဲ့ဒါ ကိုကြီးရှေ့မှာပဲ...ကိုကြီးရှေ့ရောက်ရင် သူ့ကို လိုတာထပ် ပိုသဲ ပြတတ်တယ် ... ဒီအချိန်လေးမှာပဲ ရိပေါ် ပျော်ဝင်ရပြန်တယ်
ကိုကြီးနဲ့ ကိုကိုက မျက်နှာချင်းဆိုင်တိုင်း ပြဿနာဖြစ်ကြမြဲ
သူတို့နှစ်ယောက်ကြား ဗျာများရသူက ရိပေါ်...
ဘယ်သူ့ကို နားချလို့ ချရမှန်း မသိအောင်ပါပဲ...
နှစ်ယောက်လုံးက ရိပေါ်ပြောလဲ နားဝင်မဲ့ သူမျိုးတွေလဲ
မဟုတ်ပြန်ဘူး....ရိပေါ် အရမ်းစိတ်ညစ်ရပါတယ်...

LOST (Completed)Where stories live. Discover now