Final

2.7K 170 55
                                    

နှစ်ရက်မြောက်နေ့

ကုတင်ထက်ဝယ်..XZက ကုတင်ခေါင်းရင်းကိုမှီထားပြီး
ဖန်မင်က XZရဲ့ ရင်ခွင်ထဲ ခိုနားနေသည်...

"အချစ်..မောင့်ကိုဘာလို့ထားခဲ့တာလဲ"
"အဲ့တုံးက ငါအရမ်းစိတ်တွေရှုပ်ထွေးနေခဲ့တာ...မားနဲ့ပါးလ​ဲဆုံးသွားပြီဆိုတော့ ငါ နဲ့ ရိပေါ်နဲ့ပဲ ကျန်နေခဲ့တာ
ဝမ်ရိပေါ်ကို သိပ်ချစ်ကြတဲ့ မားနဲ့ပါးက အမွေတွေရဲ့ ငါးပုံသုံးပုံကို
ရိပေါ်အတွက်ချန်ထားပြီး ငါ့အတွက်က ကျန်တဲ့နှစ်ပုံပဲ..
ငါ အရာအာလုံး ရိပေါ်ထက် သာချင်တယ်..အားလုံးကို
ငါပိုင်ဆိုင်ချင်တယ်...အဲ့ဒါကြောင့် မောင့်ကိုတောင် ငါလက်လွှတ်ပြီး အရမ်းကြိုးစားခဲ့ရတာ...ပြီးတော့ မင်းသိလား
မင်းနဲ့ရိပေါ်လက်ထက်တဲ့နေ့... ငါ့အပိုင်လို့သတ်မှတ်ခဲ့တဲ့မင်းကို
တကယ်ပိုင်သွားသူက ဝမ်ရိပေါ်..ငါ..ငါဘယ်လောက်တောင်
ခံစားခဲ့ရလဲ မင်းမသိဘူး..ဟင့်"
"........"
"အဲ့ဒါကို မင်းက ငါ့ကို ပိုပြီး အရွဲ့တိုက်တယ်လေ"
"ဟား.ဟား..အချစ်ရယ် မငိုပါနဲ့ တိတ်တော့...."
"မောင်..ဝမ်ရိပေါ်ပြန်လာရင် ကွာရှင်းလိုက်တော့"
"ဟင်!!!"
အလုပ်က ဖုန်းတခုဝင်လာတာကြောင့် ဖန်မင်က စာကြည့်ခန်းထဲ ဝင်သွားပြီ.....

!!ကွာရှင်းလိုက်...ရိပေါ်နဲ့ ကွာရှင်းလိုက်!!
သူလုံးဝမတွေးမိဘူး...ဖန်မင်နဲ့ ဒီလိုအခြေအနေပြန်ဖြစ်ဖို့ထိလဲ
မမျှော်မှန်းခဲ့ပေမဲ့ အနားမှာရှိနေရုံလေးအတွက် ရိပေါ်ကို အသုံးချခဲ့မိတယ်...ဖန်မင်ကြောင့် သူဟာ လိင်တူချင်းစိတ်ဝင်စားမှန်း ကိုယ့်ကိုကိုယ့် အမှန်မြင်နိုင်ခဲ့တာ...
အချစ်ကို စတင်ခံစားမိချိန် ဖန်မင်ဟာ သူ့ရဲ့ အချစ်ဦး....

အခု ဖန်မင်နဲ့ သူ ပြန်ပြေလည်သွားပြီ...သူပျော်ပါတယ်...
ဒါ..ဒါပေမဲ့ ရိပေါ်ကရော....

.

ဖန်မင်လဲ အလုပ်ကိစ္စပြောပြီး၍ XZနားကို ပြန်လာချိန်
XZရဲ့ ဖုန်းကလေးက အဝင်callလေးတခုကို လက်ခံရရှိသည်
ခေါ်ဆိုသူက ရိပေါ်.....

"အင်း ရိပေါ်"
"ဝမ်ရိပေါ် အိမ်ကလား မသိဘူးခင်ဗျ"
"ဟုတ်ပါတယ်.. "
"ဝမ်ရိပေါ် ကားaccidentဖြစ်လို့ အရေးပေါ်ဆေးရုံတင်လိုက်ပါတယ်~~~ဆေးရုံကိုပါ"
"ဘာ!!!"

LOST (Completed)Where stories live. Discover now