သည်နေ့ 'သက်နှင်း' အလှပြင်ဆိုင်လေးမဖွင့်ပါ။ ဖျားတာရော ချစ်ကြည်နူးလိုက်ကြတာရောပေါင်းစုံပြီး နှင်းကမထနိုင်။ မောင်မောင်က ပထမဆုံးအကြိမ်ဖြစ်၍ပင်ပန်းပြီးမထနိုင်။ နှစ်ယောက်လုံးကမိုးလင်းကာနီးမှအိပ်ပျော်ကြရသည်မဟုတ်လား။သူတို့အိပ်ရာကနိုးတော့ နေ့လည်သို့ရောက်လုလုအချိန် မနက်ဆယ်နာရီဖြစ်နေပါပြီ။ အိပ်ရာကနိုးတာချင်းအတူတူ မောင်မောင်ကစောင်ပုံထဲကမထွက်ရဲ။ ညခင်းကအရေးကိစ္စကိုပြန်တွေးမိပြီးအရှက်ပိုနေလေသည်။ သည်အတွဲမှာလွဲလက်စဖြင့် ဆက်လွဲနေပုံရ၏။
ရပ်ကွက်ထဲကလူစွာလေး မောင်မောင် အိပ်ရာထဲကမထရဲတော့ အိပ်ရေးဝသွားလို့အဖျားသက်သာစပြုတဲ့ နှင်းကပဲ နေ့လည်စာဝယ်ဖို့အပြင်ထွက်ခဲ့ရသည်။
"ဟဲ့ မယ်နှင်း နင့်လင် ငါ့သား
ဘာလုပ်နေတာလဲ ဒီနေ့ ဆိုက္ကားထွက်
နင်းတာမတွေ့ဘူး""ဖျားနေလို့ပါ အ..အမေ"
တစ်ရပ်ကွက်လုံးမှာ တစ်ဆိုင်သာရှိသည့် ထမင်းဆိုင်ရှေ့မှာ ယောက္ခမကြီးနှင့်သွားတိုးသည်။ နှစ်ယောက်သားဆုံကြတာရှားသလို စကားလဲသေချာပြောဖြစ်ကြသည်မဟုတ်။ ယခုလိုလူအများရှေ့ အသံကျယ်ကျယ်ဖြင့်အမေးခံရ၍ နှင်းမှရှက်ရဲရဲဖြစ်ရသေးသည်။ ပြန်ဖြေလိုက်ရသည်ပင် ထစ်ထစ်ငေါ့ငေါ့။
"ဟုတ်လား ဒါကြောင့်ပါ
သင်းက တော်ရုံနားတာမဟုတ်လို့
ထင်တော့ထင်သားပဲ ခုသက်သာရဲ့လား
မဖြစ်သေးပါဘူး ခဏနေ လာကြည့်ဦးမယ်""ဟုတ်ကဲ့ ဒါဆို နှင်းသွားဦးမယ်နော်"
"အေး...အေး"
ဝယ်ထားတာတွေရပြီဆိုတော့ ယောက္ခမကိုနှုတ်ဆက်ရသည်။ အိမ်သို့မြန်မြန်ပြန်ရမည်။ နှင်းလဲဗိုက်ဆာနေပြီဖြစ်သလို မောင်လဲဗိုက်ဆာလှရောပေါ့။ နှင်းဘဝဖြစ်အင်ကဆန်းကြယ်လှသည်။ ကိုယ်ကမေတ္တာလိုချင်ချိန်တုန်းက သာပေါင်းညာစားများနှင့်သာတိုးသည်။ ငါတော့တစ်ယောက်ထဲနေမှပါဟု ဆုံးဖြတ်ချက်ချလိုက်ချိန်ကျတော့မှ ကိုယ့်ကိုချစ်ခင်နှစ်သက်သူက အိမ်ပေါ်ထိရောက်ချလာ၏။
YOU ARE READING
မောင့်အချစ်သာ တကယ်စစ်လေသည်။
Short Storyချစ်ခြင်းဖွဲ့ ဘဝတချို့မှာ ကြည်နူးခြင်းရလဒ်တွေနဲ့ မြတ်နိုးစွာပိုင်ဆိုင်ခွင့်တွေ။