ကီးမားတဲ့စံအိမ်ရှေ့ရှိခြံဝန်းထဲမှာကောင်မလေးတယောက်
မိုးရွာထဲမှာရပ်နေလေသည် ဘေးနားမှာသူမကို
ရပ်ကြည့်နေတဲ့သူတွေရှိပေမဲ့လဲ သူမကိုတော့
တယောက်မှထီးတချောင်းမိုးပေးမဲ့သူမရှိ
သူမခိုက်ခိုက်တုန်အောင်ချမ်းနေပေမဲ့လဲ ထိုမိုးရွာထဲမှာဘဲ
ရပ်နေခဲ့သည် အိမ်ထဲသို့တချက်မ၀င်ပေထိုစဉ်အိမ်ရှေ့သို့ရှပ်အဖြူရောင်နဲ့ဂျင်းအနက်ကို
တွဲဝတ်ထားတဲ့ကောင်မလေးတယောက်ထီးတချောင်း
ယူပြီး မိုးရွာထဲမှာရပ်နေတဲ့ကောင်မလေးဆီသို့
သူမယူလာတဲ့ထီးလေးမိုးပေးလိုက်သည်"ဟင် Jen ဘာလာလုပ်တာလဲ"
"Chae နင်အထဲဝင်တော့နင့်တကိုယ်လုံးရေတွေလဲ
စိုရွဲနေပြီ ပြီးတော့နင်လဲတုန်တတ်နေပြီ ကြာရင်
သတိလစ်သွားလိမ့်မယ် ""ဟင့်အင့်Jenငါမ၀င်ဘူး ငါ့ကိုSooကပြောထားတယ်
သူမ၀င်ခိုင်းမချင်းမ၀င်နဲ့တဲ့""နင်သောက်ရူးလား သူဝင်ခိုင်းမှနင်ဝင်ရမယ်ဆိုရင်
ဒီနေ့တညလုံးတောင်နင်ဝင်ရမှာမဟုတ်ဘူးဟဲ့""ရပါတယ် ငါအမှားကြောင့်ဖြစ်တာဘဲ ငါအဆင်ပြေတယ်
နင်အထဲဝင်တော့လေ ချမ်းနေမယ် အပြင်မှာလဲလေတွေ
ဒီလောက်တိုက်နေတာကို'"အဲ့စကားကငါနင့်ကိုပြောရမဲ့စကားပါChaeနင်ဝင်တော့
အေး နင်လိုက်မ၀င်ရင်တော့ ငါလဲ နင်နဲ့အတူရပ်နေမှာ
နော် Park chae young""သွားပါတော့Jenရယ် ထီးဆောင်းပြီးကိုယ့်ဘာသာဘဲ
အိမ်ထဲဝင်လိုက်Chaeကိုစိတ်မပူနဲ့ Chaeကသန်မာပါတယ်"Chae တယောက်Jenစိတ်ပူမှာစိုးလို့ပြောလိုက်ပေမဲ့
တကယ်တန်း သူလုံးဝတောင့်မခံနိုင်တော့ပါ ခြေထောက်
တွေကခွေကျမတတ်ဖြစ်နေပြီ မိုးကလဲစောနကထက်
ပိုပြီးသဲလာသလို ဖြစ်နေတာမလို့ Chae မတရားကို
ချမ်းနေလေပြီ"Chae နင်တကယ်မ၀င်ဘူးလားပြော"
"ငါ့ကိုSooက၀င်တော့လို့ပြောမှဘဲ
ငါလိုက်ခဲ့တော့မယ် Jennie "" အေး ဟုတ်ပြီ"
Jennie တယောက်ပြောပြီးချင်းချင်းသူ့မှာပါလာတဲ့
ထီးကို အိမ်ရှေ့မာရပ်နေတဲ့ ခြံစောင့်ကိုပေးလိုက်ပြီး
Chae ဘေးနားသွားရပ်လေသည်