အပိုင်းကိုး

1.3K 115 0
                                    

"မငြင်းပါဘူး။ ကျွန်တော်က လူတန်းစား မခွဲခြားပါဘူး။
အနုပညာက အနုပညာပါပဲ။"
"မျှော်လင့်ထားတဲ့ အတိုင်းပါပဲလား။ အဲ့ဒီလို စိတ်ဓာတ်လေးရှိတာ ဝမ်းသာပါတယ်။ ဒါဆိုရင် ကိစ္စတွေ အဆင်ပြေသွားပြီလို့ မှတ်လိုက်တော့မယ်နော်။"
"ဟုတ်ကဲ့။"
"မကြာခင် အသေးစိတ် ဒိုင်ယာလော့တွေ ပို့လိုက်ပါ့မယ်။ ရိုက်ကူးဖို့ အသင့်ပြင်ပြီးရင် Billie တို့ဘက်ကို အကြောင်းကြားလိုက်ပါ့မယ်။ အဆင်ပြေတယ် မဟုတ်လားရှင့်။"
"ပြေပါတယ်။"
"ဟုတ်ကဲ့။ ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်။"
"ဟုတ်ကဲ့။ ဂရုစိုက်သွားပါ။"
Laraနှုတ်ဆက် ထွက်ခွါသွားသောအခါ Billie သည် အရုပ်ကြိုးပြတ် စိတ်ဓာတ်ကျသွားသည်။
"ကဲ...Billie ...ဘယ်လိုတွေ လုပ်ကြမတုန်း။"
"ရွေးစရာမှ မရှိတာ။ လာမယ့်ဘေး ပြေးတွေ့ရုံပဲပေါ့။"
"ဟုတ်ပါပြီ။"
Billie ၏ မန်နေဂျာဖြစ်သူ Aruma(အာရုမာ)သည် Billie နှင့် Seven တို့ အတူတူ နေနေပြီဖြစ်ကြောင်းကို မသိသေးပါ။ လွန်ခဲ့သော တစ်ပတ်လောက်တည်းက ခွင့်ယူထားပြီး ယနေ့မှ ပြန်ရောက်သောကြောင့် ဖြစ်သည်။ အခြေနေတွေက Billie အတွက် ပိုမို ခက်ခဲလာသည်။ လိင်တူချစ်သူကားရိုက်မည့် လူနှစ်ယောက် တစ်အိမ်ထဲတွင် အတူတူနေနေကြသည့် သတင်းသာ ပေါက်ကြားသွားရင် Billie နာမည် ပျက်သွားနိုင်သည်။ အခုချိန်တွင် လုပ်နိုင်သော တစ်ခုတည်းသော အရာမှာ Lara၏ ကမ်းလှမ်းချက်ကို Seven က ငြင်းလိုက်ပါစေဟု ထိုက်ဆုတောင်းနေရုံသာ ဖြစ်သည်။
.
.
.
.
.
Miyukiသည် စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်များတွင် ဘား၌ မလုပ်ဘဲ စတိုးဆိုင်လေး တစ်ခုတွင် အချိန်ပိုင်း ဝင်လုပ်ဖြစ်သည်။ ဘားတွင် သီချင်းလိုက်ဆိုနေသည်ဆိုတဲ့ သတင်းသာ သူငယ်ချင်းတွေဆီ ရောက်သွားပါက သူ့အတွက် မျက်နှာပန်း လှတော့မည်မဟုတ်ဟု သူယုံကြည်ထားသည်။ ထို့ပြင် သူငယ်ချင်း တစ်ယောက်ယောက်က မြင်ပြီး သူ့အမေကို ပြန်ပြောလိုက်ပါက Akiyaတစ်ယောက် မိုးမီးလောင်မတက် ဒေါသထွက်သွားနိုင်သည်။ သူမသည် အနုပညာအလုပ်များထဲတွင် လူများရှေ့ထွက်ကာ ဖျော်ဖြေရသော အလုပ်များကို အလွန်အထင်သေး မုန်းတီးသူဖြစ်သည်။ ထို့ပြင် Miyukiအား ကျောင်းစာမှလွဲ၍ အလုပ်လုပ်နေခြင်းကိုပင် မဖြစ်မသာမို့ ခွင့်ပြုထားခြင်းဖြစ်သည်။ သူမ၏ အချစ်များသည် အချစ်မဟုတ်ဘဲ အတ္တများအဖြစ် ပြောင်းလဲလာခဲ့သယောင်။

ရတနာများထက်တန်ဖိုးရှိသောNơi câu chuyện tồn tại. Hãy khám phá bây giờ